ရန်ကုန် ဒီဇင်ဘာ ၃
မြန်မာနိုင်ငံ နိုင်ငံတကာနည်းပညာ၊
သက်မွေးပညာ နှင့် လေ့ကျင့်ရေး ဗဟိုဌာန (Myanmar UNEVOC Centre) ဖွင့်လှစ်ပွဲနှင့်
နည်းပညာ၊ သက်မွေးပညာရေး နှင့်လေ့ကျင့်ရေး ဆိုင်ရာ နိုင်ငံအဆင့် ဆွေးနွေးပွဲ
ဖွင့်ပွဲ အခမ်း အနားများကို ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန် တိုင်းဒေသကြီး
အင်းစိန်မြို့နယ် အစိုးရ စက်မှုလက်မှု သိပ္ပံ(အင်းစိန်)၌ ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံ
နိုင်ငံတကာနည်းပညာ၊ သက်မွေးပညာ နှင့်လေ့ကျင့်ရေးဗဟိုဌာန (Myanmar UNEVOC
Centre)ကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊
တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းနှင့် UNESCO-UNEVOC
International Centre for TVET မှ Mr.Shyamal Majumader တို့က ဖဲကြိုးဖြတ်
ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမျိုးသိမ်းကြီးက UNEVOC Centre ပေါင်း ၂၉၀ ရှိသည့် UNEVOC ကွန်ရက်တွင်
မြန်မာနိုင်ငံလည်း ပါဝင်လာပြီဖြစ်သည့်အတွက် မြန်မာနိုင်ငံ နိုင်ငံတကာနည်းပညာ၊
သက်မွေး ပညာ နှင့်လေ့ကျင့်ရေးဗဟိုဌာနအနေဖြင့် တက်ကြွစွာ
ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပြီး နည်းပညာနှင့် သက်မွေးပညာ အောင်မြင်ဖြစ်ထွန်းနေသော
ကမ္ဘာ့နိုင်ငံများ၏ အတွေ့အကြုံကို လေ့လာ၍ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့်
လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အထောက်အကူပြုမည့် သင်တန်းများကို
ဖွင့်လှစ် သင်ကြားပေးနိုင်မည် ဖြစ်ပါကြောင်း။
အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း၏
ရည်မှန်းချက်တွင် လုပ်သားဈေးကွက် လိုအပ်ချက်နှင့် ကိုက်ညီသော
အရည်အသွေးမြင့်မားသည့် နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကို အဆင့်မြှင့် တင်ရန်နှင့်
တိုးတက်ကောင်းမွန်လာသော နည်းပညာနှင့် သက်မွေး ပညာရေး စီမံခန့်ခွဲမှုစနစ်များနှင့်
လိုက်လျော ညီထွေရှိမည့် သင်တန်းများ ဖွင့်လှစ်လေ့ကျင့်ရန် တို့ ပါရှိပါကြောင်း၊
ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် ယူနက
စကို၊ UNESCO - UNEVOC International Centre တို့နှင့် ပူးပေါင်းကာ
ဂျာမန်ဖွံ့ဖြိုးရေးအေဂျင်စီ(GIZ)၏ ထောက်ပံ့မှုဖြင့် နည်းပညာ၊ သက်မွေးပညာရေး နှင့် လေ့ကျင့်ရေးကဏ္ဍ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း။
ယနေ့ ဆက်လက်ကျင်းပမည့် နည်းပညာ၊
သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ နိုင်ငံအဆင့် ဆွေးနွေး ပွဲသည်
မြန်မာနိုင်ငံ၏ နည်းပညာနှင့် သက်မွေးပညာရေးဆိုင်ရာ အခွင့် အလမ်းများတွင်
ကြုံတွေ့ရသည့် အခက်အခဲ၊ စိန်ခေါ်မှုများ နှင့်စပ်လျဉ်းပြီး ဆွေးနွေးညှိနှိုင်း
အဖြေရှာနိုင်မည်ဖြစ်ပါကြောင်း၊ UNEVOC ၏ နိုင်ငံတကာအတွေ့အကြုံများကို ရယူလျက်
UNEVOC ကွန်ရက်အဖွဲ့ဝင် Centre များအကြား ပူးပေါင်း ဆောင်ရွက် မှုကို မြှင့်တင်ပြီး
မြန်မာ နိုင်ငံ၏ နည်းပညာနှင့် သက်မွေးပညာရေး အရည်အသွေး တိုးမြှင့်ရေး အတွက်
ရေရှည်မိတ်ဖက် ဆက်ဆံရေးကို တည်ဆောက်သွားမည် ဖြစ်ပါကြောင်း၊
ဆွေးနွေးပွဲများမှတစ်ဆင့် အားလုံး အတွက် တစ်သက်တာ သင်ယူမှုအခွင့်အလမ်းများ
မြှင့်တင်ရန်နှင့် အားလုံးပါဝင်သော တန်းတူ ညီမျှသော အရည်အသွေးမြင့် ပညာရေးသို့
ဦးတည်သော ယူနက်စကိုအဖွဲ့ကြီး၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး ပန်းတိုင်သို့
ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ချမှတ်ပေးနိုင်လိမ့်မည်ဟု ယုံကြည် ပါကြောင်း
ပြောကြားသည်။
ယင်းနောက် UNESCO-UNEVOC
International Centre for TVET မှ Mr.Shyamal Majumader နှင့် တိုင်းဒေသကြီး
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း တို့က အမှာစကားပြောကြားကြသည်။
ထို့နောက် ဆွေးနွေးပွဲကို
ဆက်လက်ကျင်းပရာ နည်းပညာနှင့် သက်မွေးပညာ လေ့ကျင့် သင်ကြားမှုနှင့် ကျွမ်းကျင်မှု
ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကမ္ဘာ့ပြောင်းလဲမှုဖြစ်စဉ်များ၊ နည်းပညာ နှင့် သက်မွေး ပညာရေး
ကဏ္ဍတွင် အရည်အသွေး ကောင်းမွန်သော ကျောင်း၊ အဖွဲ့အစည်းများ ဖြစ်လာစေမည့်
လိုအပ်ချက်များ၊ ကျွမ်းကျင်မှုအရည်အသွေးမြင့်မားသည့် နည်းပညာနှင့် သက်မွေးပညာရေး
လေ့လာသင်ယူခြင်းနှင့် ရှေ့ဆက် လက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးကြသည်။
(သတင်းစဉ်)
No comments:
Post a Comment