နေပြည်တော် ဒီဇင်ဘာ ၃
ပြန်ကြားရေးဝန်ကြီးဌာန၏ အဓိကလုပ်ငန်းတာဝန်ဖြစ်သည့် သတင်း ထုတ်ပြန်ရေး
လုပ်ငန်း များကို စနစ်တကျ ပိုမိုသွက်လက်မြန်ဆန်စွာ
ဆောင်ရွက်ပေးနိုင်စေ ရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ
ဝန်ထမ်းများအား သတင်း ရေးသားထုတ်ပြန်ခြင်းသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ် သင်ကြား
ပေးလျက် ရှိရာ သတင်းရေးသားထုတ်ပြန်ခြင်း သင်တန်း အမှတ်စဉ်(၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို
ယနေ့ နံနက်(၉)နာရီတွင် နေပြည်တော်ရှိ ပြန်ကြား ရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန (ရုံးချုပ်) ဒက္ခိဏသင်တန်းကျောင်း၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲအမှာစကားပြောကြားရာတွင် ပြန်ကြားရေးဝန်ကြီးဌာန
ဒုတိယ ၀န်ကြီး ဦးအောင်လှထွန်း က အများ သိသင့်၊
သိထိုက်သည့်သတင်းမှန်များကို စနစ် တကျ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနိုင်ရန် အရေးကြီးပါ
ကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် တိုင်းဒေသကြီး /
ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ မြို့ရုံးများကို
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်ထား နိုင်သည့်ဌာန တစ်ခုဖြစ် ၍
သတင်းများ စုဆောင်းရယူရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နိုင် သည့်အနေအထားရှိပါကြောင်း ၊
ယနေ့ ဒီဂျစ်တယ်ခေတ်တွင် နည်းပညာ ပြောင်းလဲ ဖွံ့ဖြိုးတိုးတက်လျက်ရှိရာ ခေတ်နှင့်
လိုက်လျောညီထွေစွာ လိုက်ပါ ပြောင်းလဲ ဆောင်ရွက်
နိုင်ရန် လိုအပ်ပါကြောင်း၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုရှိရန် သာမက
သတင်းမီဒီယာဥပဒေပါ ကျင့်ဝတ်နှင့် စည်းမျဉ်းစည်းကမ်းများကို စောင့်ထိန်း လိုက်နာရန်
အရေးကြီး သဖြင့် သင်တန်းများ စဉ်ဆက်မပြတ် စနစ်တကျ ဖွင့်လှစ်ပေး နေပါကြောင်း
ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယ၀န်ကြီးသည် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်
ပြည်သူ့ ဆက်ဆံရေးရုံးရှိ စာကြည့်တိုက် လုပ်ငန်းများ ဆောင်ရွက်နေမှု၊
ပြခန်းပြတိုက်ငယ် ဆောင်ရွက်ထားမှု၊ ကလေးစာဖတ်ခန်း ခင်းကျင်း ဆောင်ရွက်ထားရှိမှု
တို့ကို လှည့်လည်ကြည့်ရှုပြီး ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနအား လူမှုရေး အသင်း အဖွဲ့များ၊
ကျောင်းသား၊ ကျောင်းသူများ ပိုမို အသုံးပြုနိုင်စေရေးအတွက် ချိတ်ဆက် ဆောင်ရွက်
သွားရန်နှင့် ရုံးဝင်း အတွင်းရှိ ဘော်လီဘော၊ ပိုက်ကျော်ခြင်း အားကစားကွင်းများကို
လည်း လူငယ်များ ပိုမိုအသုံးချ နိုင်စေရေး ဆောင်ရွက်ရန် မှာကြားသည်။
သင်တန်းသို့ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ
ဓာတ်ပုံကျွမ်းကျင်-၂ ဝန်ထမ်း သင်တန်းသား ၃၅ ဦးတို့အား သတင်း မီဒီယာဥပဒေ၊
စာနယ်ဇင်းကျင့်ဝတ်၊ သတင်း စီးဆင်းမှု၊ သတင်းအရင်းအမြစ်များရှာဖွေခြင်း၊ သတင်း အခြေခံဖွဲ့စည်း
တည်ဆောက်ပုံ၊ သတင်းရေးသားခြင်း၊ ဆောင်းပါးရေးသားခြင်း၊ အရေးပေါ်ကာလ စီမံခန့် ခွဲမှုတွင်
လူမှုမီဒီယာများ၏ အရေးကြီးသော ကဏ္ဍ၊ သတင်းဖတ်သူ၏ရှုမြင်ပုံ၊ သတင်းစာရှင်း လင်းပွဲကဏ္ဍ၊
Online အသုံးပြု၍ သတင်းများ ထုတ်ပြန်ခြင်း၊ သတင်းဓါတ်ပုံပညာ စသည့် ဘာသာရပ်များကို
ပြင်ပပညာ ရှင်များနှင့်ပူးပေါင်းလျက် ဒီဇင်ဘာလ ၂၁ ရက် အထိ
စာတွေ့လက်တွေ့ ဆွေးနွေးသင်ကြား ပို့ချ ပေးသွား မည်ဖြစ်ကြောင်းသိရ သည်။
ဇော်မင်းလွင်(ပြန်/ဆက်)
No comments:
Post a Comment