နေပြည်တော် ဒီဇင်ဘာ ၎
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် သီရိလင်္ကာ နိုင်ငံ၊
ကိုလံဘိုမြို့တွင် နိုဝင်ဘာ (၂၉) ရက်မှ ဒီဇင်ဘာ (၂) ရက်အထိ ကျင်းပခဲ့သည့် (၅၄) ကြိမ်မြောက်
အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ ဂါဗာနာကွန်ဖရင့်/အဆင့်မြင့်အရာရှိများ အစည်းအဝေး နှင့်
(၃၈) ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ ဂါဗာနာဘုတ်အဖွဲ့ဝင်များ အစည်းအဝေးများ
(The 54th SEACEN Governors-Conference/ High-Level Seminar and 38th Meeting of
the SEACEN Board of Governors) သို့ တက်ရောက်ခဲ့သည်။
အဆိုပါကွန်ဖရင့်နှင့်
အစည်းအဝေးများ၌ တိုးတက်လာသော နည်းပညာဆိုင်ရာ ပြောင်းလဲမှုများနှင့် အနာဂတ်တွင် ငွေကြေးထုတ်ဝေမှုအပေါ်
၎င်းတို့၏ အကျိုးသက်ရောက်မှုများ၊ ထွန်းသစ် ဈေးကွက်နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်
ရင်ဆိုင်ကြုံတွေ့ရသည့် ငွေကြေးဖောင်းပွမှုအပေါ် အကျိုးသက်ရောက်သည့် အချက်များ၊ တံခါးဖွင့်ဝါဒ
ကျင့်သုံးသည့် နိုင်ငံငယ်များတွင် တွေ့ကြုံရသည့်
မူဝါဒဆိုင်ရာ စိန်ခေါ်မှုများနှင့် ဖြေရှင်းနိုင်သည့်
နည်းလမ်းများနှင့်ပတ်သက်၍ အပိုင်း (၃) ပိုင်းကို ဒေသတွင်းအတွေ့အကြုံများဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် ၂၀၁၉
ခုနှစ်အတွက် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ ဂါဗာနာဘုတ်၏ သဘာပတိအဖြစ် သီရိလင်္ကာဗဟိုဘဏ်
ဥက္ကဋ္ဌ Dr. Indrajit Coomaraswamy အား ရွှေးချယ်ခဲ့ကြသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည်
ဒီဇင်ဘာ (၃) ရက် နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြောင်း
သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment