Monday, December 3, 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် ပါတီကော်မတီ၊ အတွင်းရေးမှူးအား လက်ခံတွေ့ဆုံ


နေပြည်တော် ဒီဇင်ဘာ ၃
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်ပါတီကော်မတီ၊ အတွင်းရေးမှူး မစ္စတာ ချန်းဟောင်အား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးတွင် ယူနန်ပြည်နယ်သည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေသည့် အတွက် နယ်စပ်ဒေသ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု တိုးမြှင့်ရေး၊ လမ်းပန်းဆက်သွယ်မှု တိုးတက်ကောင်းမွန်စေရေး၊ ပြည်သူ အချင်းချင်း ထိတွေ့ ဆက်ဆံမှုမြှင့်တင်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေး ချမ်းရေးအတွက် သက်ဆိုင်ရာအာဏာပိုင်များ အကြား ပူးပေါင်းဆောင်ရွက်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု ပပျောက် ရေးတို့အတွက် ဆက်လက် ပူးပေါင်းဆောင် ရွက်သွားမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့် လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။
Ref; Myanmar State Counsellor Office

No comments:

Post a Comment