Tuesday, December 4, 2018

မြန်မာအသင်းယှဉ်ပြိုင်မည့် ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ထွက်ပေါ်


ရန်ကုန် ဒီဇင်ဘာ ၃
မြန်မာ ယူ-၂၁ အသင်း ဝင်ရောက် ယှဉ်ပြိုင်မည့် ၂ဝ၁၈ ဗီယက်နမ် ဖိတ်ခေါ် ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ထွက်ပေါ်လာပြီ ဖြစ်ပြီး ဒီဇင်ဘာ ၁၂ ရက်မှ ၁၈ ရက် အထိ ကျင်းပမည်ဖြစ်သည်။ ပွဲစဉ်ရေးဆွဲ ထားမှုအရ မြန်မာအသင်းသည် အိမ်ရှင် ဗီယက်နမ် ယူ-၂၁ အသင်းနှင့် စတင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် အိမ်ရှင်ဗီယက်နမ် ယူ-၂၁ အသင်းနှင့်အတူ မြန်မာ ယူ-၂၁ အသင်း၊ မလေးရှား ယူ-၂၁ အသင်းနှင့် တောင်ကို ရီးယားနိုင်ငံမှ Gimhae ယူ-၂၁ အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်ပြီး ပတ်လည် စနစ်ဖြင့်ကစားကာ အမှတ် အများဆုံးနှစ်သင်းက ဗိုလ်လုပွဲ၊ အဆင့် ၃၊ ၄ နေရာရအသင်းက တတိယလုပွဲ ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ ပြိုင်ပွဲ ကို ဗီယက်နမ်နိုင်ငံ Hue မြို့၌ ကျင်းပ မည်ဖြစ်ပြီး အုပ်စုပွဲများအဖြစ် ဒီဇင်ဘာ ၁၂ ရက်တွင် မြန်မာနှင့် ဗီယက်နမ်၊ မလေးရှားနှင့် Gimhae (တောင်ကို ရီးယား)၊ ဒီဇင်ဘာ ၁၄ ရက်တွင် မြန်မာ နှင့် Gimhae (တောင်ကိုရီးယား)၊ ဗီယက်နမ်နှင့် မလေးရှား၊ ဒီဇင်ဘာ ၁၆ ရက်တွင် မြန်မာနှင့် မလေးရှား၊ Gimhae (တောင်ကိုရီးယား)နှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ တတိယလုပွဲနှင့် ဗိုလ်လုပွဲကို ဒီဇင်ဘာ ၁၈ ရက်တွင် ကျင်းပမည်ဖြစ်သည်။ ဗီယက်နမ်ဘောလုံး အဖွဲ့ချုပ် သည် ယင်းပြိုင်ပွဲကို နှစ်စဉ်ကျင်းပလျက်ရှိပြီး မြန်မာ အသင်းမှာလည်း နှစ်စဉ်နီးပါး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ နောက်ဆုံး ကျင်းပသည့် ၂ဝ၁၇ ပြိုင်ပွဲတွင် တတိယဆုရခဲ့သည်။
မြန်မာ ယူ-၂၁ အသင်းသည် ယင်းပြိုင်ပွဲယှဉ်ပြိုင်ရန် ကစားသမား ၂၈ ဦးဖြင့် လေ့ကျင့်မှုပြုလုပ်လျက်ရှိပြီး ယခုရက်ပိုင်း အတွင်း အပြီးသတ် ၂ဝ ရွေးချယ်မည်ဖြစ်သည်။
မြန်မာ ယူ-၂၁ အသင်းသည် ပြိုင်ပွဲမတိုင်မီ နောက်ဆုံး ခြေစမ်းပွဲ အဖြစ် ဒီဇင်ဘာ ၆ ရက်တွင် မကွေးအသင်းနှင့် ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။
သတင်း- ညီမြတ်သော်တာ

No comments:

Post a Comment