လူတစ်ဦးနှင့် တစ်ဦး ကံအကြောင်းတရားမတူညီကြပေ။
ကံစွမ်း၊ ဉာဏ်စွမ်းဖြင့် အောင်မြင်ကြ သူများ လည်းရှိ သည်။ ဘ၀ခရီးလမ်း တစ်လျှောက် ဆင်းရဲပင်ပန်းကြသူ
များလည်းရှိသည်။ မည်သို့ပင် ဆိုစေ ကာမူ ဘ၀တစ်ခု ရရှိလာသည်နှင့် လောကဓံကို အနိုင်မခံ
အရှုံးမပေး စိတ်ဓာတ်ရှိရမည်ဖြစ်သည်။
ဘ၀ တစ်ခု အသက်ရှင်သန် ရပ်တည်ရေးအတွက်သာမက တိုင်းပြည်အကျိုး၊
နိုင်ငံ့ အကျိုးပြုစိတ် များ ထားရှိခြင်းဖြင့် မြင့်မြတ်သော စိတ် ဓာတ်ပိုင်ရှင်များ
ဖြစ်ရပါမည်။
အတိတ်သည် ပြီးဆုံးခဲ့သော အကြောင်းတရားတစ်ခု
ဖြစ်သည်။ အသစ်တစ်ဖန် ပြန်မရနိုင်သည့် အတိတ်၏ အတွေးမှိုင်းကို ချေမှုန်း ပစ်ရပါမည်။ လက်ရှိရောက်ရှိဆဲ
အချိန်ကာလ၏ စိမ်းလန်း သစ်လွင်သော ကြိုဆိုမှုကို လက်ခံရပါမည်။ မိမိကိုယ်တိုင် ဖန်တီး
တည်ဆောက်နိုင်မည့် ကမ္ဘာတစ်ခု အမြန်ဆုံး အကောင် အထည်ဖော် တည်ဆောက်ကြရမှာဖြစ်ပါသည်။ အပျက်ဆန်သော
မည်သည့် အကြောင်းတရားကိုမျှ ဦးနှောက်တွင် လက်မခံဘဲ ကိုယ်ပိုင်ယုံကြည်ချက်ဖြင့် စိတ်ဓာတ်ကို
ခိုင်မာ အောင် လေ့ကျင့်မွေးမြူကြရပါမည်။
မြန်မာလူမျိုးသည် စိတ်ဓာတ်ကြံ့ခိုင်သည့်
လူမျိုးဖြစ်ပါ သည်။ လဲကျလျှင် အကြိမ်ကြိမ်ပြန်ထ နိုင်သူဖြစ် သည်။ ကူညီရိုင်းပင်း မှုမှာလည်း
ကမ္ဘာက စံထားရသည့် နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ အကြင်နာတရားဖြင့် မေတ္တာဖွဲ့ ဖေးမစောင့်ရှောက်တတ်သည့်
စိတ်စေတနာများလည်း ပိုင်ဆိုင်ထားကြသည်။ ထိုကဲ့သို့ ဗြဟ္မာ စိုရ် တရားလေးပါး (သစ္စာ၊ မေတ္တာ၊
ကရုဏာ၊မုဒိတာ)ပြည့်ဝသည့် နိုင်ငံတွင် တည်ရှိနေသည့် ကျန်းမာသန်စွမ်းသူ၊ မသန်စွမ်းသူ
အားလုံး လူဖြစ်ရှုံးလိမ့်မည်မဟုတ်ကြောင်း စာရေးသူ ယုံကြည် နေမိပါသည်။
ကမ္ဘာပေါ်တွင် ဖြစ်ပျက်ပြောင်းလဲနေသည့်
သဘာဝ ဘေး၊ စစ်ဘေးစစ်ဒဏ်များကြောင့် အဖြစ် အပျက်ပေါင်း များစွာ ဖြစ်ပွားလျက် မသန်စွမ်းဖြစ်ပွားမှုနှုန်း
မြင့်တက် လာနေဆဲဖြစ်သည်။ မိသားစုဝင်များအကြား မသန် စွမ်းသူများ၏ သိမ်ငယ်သော ခံစားချက်များကိုလည်း
တွေ့ရနိုင်သည်။ မသန်စွမ်းသူတို့ တွေ့ကြုံခံစားလာရ မည့် အခက်အခဲ၊ အတားအဆီးများစွာရှိနေနိုင်
သည်။ ပတ်ဝန်းကျင်၏ ထိတွေ့ဆက်ဆံမှု ပုံစံများကြောင့် မသန်စွမ်းသူတို့ စိတ်ထိခိုက်နိုင်သည်ကို
စာနာနားလည် မှုရှိသူတိုင်း သတိချပ်ရပါမည်။
မသန်စွမ်းသူများ၏ ကျန်းမာရေး၊ ပညာရေး၊
လူမှု ရေး၊ နိုင်ငံရေး၊ စီးပွားရေး အလုပ်အကိုင် အခွင့်အလမ်း များ လမ်းဖွင့်ပေးရပါမည်။
မသန်စွမ်းသူများ၏ အခွင့် အရေးကို အခြေပြုပြီး တရားမျှ တမှု၊ အကျိုးစီးပွား ဖြစ်ထွန်းမှုနှင့်
လူတန်းစေ့ပါဝင်နိုင်မှသာလျှင် မသန် စွမ်းသူတို့ အခွင့်အရေး ပြည့်မီသည်ဟု ဆိုနိုင်ပါသည်။
မိမိတို့ မသန်စွမ်းသူများအတွက် အကောင်းဆုံး
ပြုလုပ်ပေးနိုင်မည့် ဆောင်ရွက်ချက်များကိုသာ မျှဝေ ပေးသင့်ပါသည်။ မသန်စွမ်းသူများ စိတ်အားထက်သန်
လာစေရန် အားပေးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း များ ဖန်တီးပေးခြင်းတို့ကိုသာ ပြုလုပ်ပေးရပါမည်။
နွေးထွေး မှုသည် မည်သည့် အရာနှင့်မျှ အစားထိုးမရနိုင်သော တွန်း အားဖြစ်စေပါသည်။ မသန်စွမ်းသူများ၏
စွမ်းဆောင် ရည်ကို လည်း ပိုမိုတိုးတက်မြင့်မား လာစေနိုင်သည်။
မသန်စွမ်းသူတို့အတွက် လူနေမှုပုံစံပြောင်းလဲပေး
ခြင်းဖြင့် စိတ်ခံ စားချက်များ သစ်လွင်လာနိုင်သည်။ ဘ၀ကို အရှုံးပေးလိုဟန်ဖြင့် ငေးငိုင်နေခြင်းမှ
ကင်းဝေး သွားမည်ဖြစ်သည်။ ကိုယ်ပိုင်သတ္တိဖြင့် ကိုယ့်အားကိုယ် ကိုးစိတ်များ စဉ်ဆက်မပြတ်ဖြစ်ထွန်းလာနိုင်သည်။
ထိုမှ တစ်ဆင့် မသန်စွမ်းသူများ၏ ဖွံ့ဖြိုးခြင်းအင်အားဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊
ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး စသော အရှိန်အဟုန်ကို မြှင့်တင်နိုင်သည်။
ယနေ့အချိန်တွင် သန်စွမ်းသောပြည်သူအများစု
သည် ကောင်းမွန်သော စိတ်ခံစားချက် များဖြင့် မသန် စွမ်းသူများအပေါ် တန်းတူညီမျှ စိတ်ရင်းဖြင့်
ဆက်ဆံ လာကြသည်။ ရင်တွင်းဖြစ်ပေါ်နေ သည့် ခံစားချက်များ သည်လည်း သရုပ်မှန်လာကြသည်။ ဟန်ဆောင်မှု
ကင်းဝေးပြီး ကိုယ်ချင်း စာနာစိတ် တို့ဖြင့်သာ လွှမ်းခြုံ ရစ်သိုင်းလာသည်ကိုတွေ့ရသည်။
လူ့ဘ၀က ရခဲလှသဖြင့် ဘ၀တွင် ချမ်းမြေ့စွာ
နေထိုင် ခွင့်ရရှိရေးက အလွန်ပင် အရေးကြီးလှသည်။ ထိုကဲ့သို့ ချမ်းမြေ့ပျော်ရွှင် စွာနေနိုင်ရေး
ကိုယ်ချင်းစာစိတ်က များစွာ အထောက်အကူပြုလျက် ရှိသည်။ ကိုယ်ချင်း စာနာစိတ်သည် လူတိုင်းထားရှိသင့်သော
စိတ်နေ စိတ်ထားသာဖြစ်သည်။ လူသား အချင်းချင်း ထိတွေ့ ဆက်ဆံရာတွင် တစ်ဦးတွင် ဖြစ်ပေါ်နေသော
အခက် အခဲ၊ အဆင်မပြေမှုကို တစ်ဦးက ရိုင်းပင်းဖြေရှင်းပေး သည့် ဖြူစင်သောစိတ်ဓာတ်ဖြင့်
ကမ္ဘာကြီးကို အလှဆင်ရ မှာဖြစ်သည်။
သန်စွမ်းသူက မသန်စွမ်းသူကို ဖေးမကူညီ
စောင့် ရှောက်ကြရပါ မည်။ ယနေ့ကမ္ဘာတွင်လည်း မသန်စွမ်း သူများကို ကူညီစောင့်ရှောက်ပေးနိုင်
ရန် ကြိုးပမ်းဆောင် ရွက်နေသည်ကို တွေ့ရပါသည်။ ရည်ရွယ်ချက်မှာ မသန် စွမ်းသူများကို စာနာထောက်
ထားရေး၊ စိတ်ဓာတ်မြှင့် တင်ပေးရေးနှင့် ဂုဏ်သိက္ခာ မြှင့်တင်ရေးတို့ဖြစ်သည်။
ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံမှလည်း ဒီဇင်ဘာ
၃ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ဟု သတ်မှတ်ပေးခဲ့သည်။ အမိမြေတွင် ရှင်သန်မွေးဖွားသည့်
မသန်စွမ်းသူ တိုင်း နိုင်ငံသား များဖြစ်ကြသည်။ သန်စွမ်းသူနှင့်အတူ သာတူညီမျှ အခွင့်အရေး
ရှိသည်ဟု မှတ်ယူရပေမည်။ ထို့ကြောင့် မသန်စွမ်းသူများ ဆင်းရဲနွမ်းပါးမှု လျှော့ချ ရေးနှင့်
အလုပ်အကိုင်ရရှိရေး၊ နိုင်ငံရေးလုပ်ငန်းစဉ် များတွင် ပါဝင်ခွင့်ရရှိရေး၊ အများပြည်သူ
အသုံးပြုနိုင် သည့်နေရာများတွင် အလွယ်တကူဝင်ရောက် အသုံးပြု နိုင်ရေး၊ လူမှုအကာအကွယ်
ပိုမိုရရှိရေး၊ မသန်စွမ်း ကလေးများ ပညာသင်ကြားခွင့်ပိုမိုရရှိရေး၊ အမျိုးသား၊ အမျိုးသမီး
တန်းတူမှု ရရှိရေး၊ သဘာဝဘေးအန္တရာယ် လျှော့ချရေးတွင် ပါဝင်ဆောင် ရွက်ရေး တို့က မသန်စွမ်းသူများ၏
အခြေခံလိုအပ်ချက် များပင်ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် အစိုးရနှင့် အစိုးရမဟုတ်သော
အဖွဲ့အစည်းများစွာမှ မသန်စွမ်းသူများ၏ လူနေမှုဘ၀ အဆင့်မြင့်မားရေးအတွက် ပြန်လည် ထူထောင်ရေး
လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေး လျက်ရှိသည်။ မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ
မသန်စွမ်းသူများနေ့ အခမ်းအနားကို ၁၉၉၄ ခုနှစ်မှ စ၍ စတင်ကျင်းပခဲ့သည်။ အပြည်ပြည်ဆိုင်ရာ
မသန် စွမ်းသူများနေ့ အထိမ်းအမှတ် ပြိုင်ပွဲများစွာ ပြုလုပ် ပေးသည်။ မျက်မမြင်သူများ၏
ကြိမ်ထိုးပြိုင်ပွဲ၊ သီချင်း အဆိုပြိုင်ပွဲ၊ နားမကြားသူများအတွက် ပန်းချီပြိုင်ပွဲ၊
အကပြိုင်ပွဲ၊ စက်ချုပ်ပြိုင်ပွဲတို့ကို ကျင်းပပေးသည်။ ထိုကဲ့သို့ ပြိုင်ပွဲများကျင်းပပေး
နိုင်ခြင်းဖြင့်မသန်စွမ်းသူများ၏ ယုံကြည်မှုစိတ်ဓာတ်ခွန်အားများ မြင့်မားလာနိုင်သည်။
ထိုပြိုင်ပွဲများမှ တစ်ဆင့် မသန်စွမ်းအားကစားမောင်မယ်များ နိုင်ငံ့ဂုဏ်ဆောင် လက်ရွေး
စင် အားကစားသမားများ ဖြစ်လာခဲ့ကြသည်။
နိုင်ငံတော်အစိုးရမှ မသန်စွမ်းသူများ ပြန်လည် ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ တွင် မသန်စွမ်းမှုကဏ္ဍအလိုက်
စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အလုပ်အကိုင်အခွင့်အလမ်းနှင့်ဝင်ငွေရရှိစေရန်
အမြင် အာရုံမသန်စွမ်းသူများအတွက် စီမံကိန်း၊ အကြား အာရုံမသန်စွမ်း သူများအတွက် စီမံကိန်း၊
ကိုယ်အင်္ဂါ မသန်စွမ်းသူများအတွက် စီမံကိန်း၊ အော်တစ်ဇင်ကလေး များ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတို့ကို
အစိုးရ၊ ပုဂ္ဂလိက အခန်းကဏ္ဍများမှ ပူးပေါင်း ဆောင်ရွက်နေသည်ကို တွေ့ကြရပါသည်။
သို့ဖြစ်ရာ နိုင်ငံတော်ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက် ရေးတွင် မသန်စွမ်းသူများကဏ္ဍ နောက်ကျ မကျန် စေဘဲ တစ်နှစ်ထက်တစ်နှစ် ပညာရေး၊ ကျန်းမာရေး၊
အလုပ်အကိုင်၊ မသန်စွမ်းဆိုင်ရာ အခွင့်အရေး ဥပဒေ၊ ရပ်ရွာအတွင်းပါဝင်နိုင်မှုတို့မှာ စဉ်ဆက်မပြတ်
ဖွံ့ဖြိုး တိုးတက်မှု အသီးအပွင့်များကို ရရှိခံစားနိုင်စေမည် ဖြစ်ပါသည်။ မသန်စွမ်းသူတို့ရည်မှန်းချက်များလည်း
အောင်မြင်နိုင်မည်ဖြစ်သည်။
မသန်စွမ်းသူတို့ဘ၀ ကောင်းကင်ထက်မှာ သာသည့်
လပမာ၊ ရေပြင်ထက်တင့်သည့် ကြာအလား ဘ၀ အသီးသီး အေးချမ်း သာယာရှိကြပါစေကြောင်း ဆုမွန်
ကောင်းတောင်းလျက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃ ရက် နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ
မသန်စွမ်း သူများနေ့ဆောင်ပုဒ်ဖြစ်သည့် "Empowering persons with disabilities
and ensuring inclusiveness and equality" အားလုံး တူညီအခွင့်အရေးရရှိရေး မသန်
စွမ်းသူများ အစွမ်းမြှင့်တင်ပေးကို ဂုဏ်ပြုလိုက်ရပါသည်။
ထက်ဝေအောင် (စစ်ကိုင်း)
ဓာတ်ပုံ- အင်တာနက်

No comments:
Post a Comment