နေပြည်တော် နိုဝင်ဘာ ၂၅
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးမောင်မောင်ဝင်းသည် နိုဝင်ဘာ ၂၃ ရက်တွင် ပဲခူးတိုင်း ဒေသကြီး ပြည်မြို့ သရေခေတ္တရာခန်းမ၌
ကျင်းပသည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးချေးငွေနှင့် MSME ချေးငွေဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲသို့
တက်ရောက်သည်။
တွေ့ဆုံပွဲသို့ မြန်မာ့စီးပွားရေးဘဏ်နှင့်
မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်တို့မှ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်ခရိုင်
ခြောက်မြို့နယ်မှ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ MSME လုပ်ငန်း ရှင်များနှင့်
တောင်သူ လယ်သမားများ စုစုပေါင်းအင်အား ၂ဝဝ ခန့် တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အစီအစဉ်ဖြင့်
ဆောင်ရွက်ပေးနေသော လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးချေးငွေနှင့် MSME ကဏ္ဍ ဖွံ့ဖြိုးရေးချေးငွေများနှင့်စပ်လျဉ်း၍
ဒုတိယဝန်ကြီးက အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး JICA ချေးငွေရယူထားသည့် တောင်သူလယ်
သမားများ၊ MSME လုပ်ငန်းရှင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်များက ချေးငွေ
ရယူခဲ့မှု၊ ထုတ်ယူသုံးစွဲမှု၊ ပြန်လည် ပေးဆပ်မှု၊ ချေးငွေ၏အကျိုးကျေးဇူးများ၊ အကြံပြု
လိုသည့် အချက်များကို တင်ပြကြသည်။ တက်ရောက်လာသူများကလည်း သိလိုသည် များကို မေးမြန်းခြင်း၊
အကြံပြုတင်ပြခြင်းများ ဆောင်ရွက်ခဲ့ရာ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးတွင်
လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးချေးငွေများနှင့် MSME ချေးငွေများကို မြန်မာ့စီးပွားရေးဘဏ်နှင့်
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့မှ သတ်မှတ်ချက်များနှင့်အညီ ထုတ်ချေးပေးလျက်ရှိကြောင်း၊
ချေးငွေ၏အတိုးနှုန်းမှာ ၈ ဒသမ ၅ ရာခိုင်နှုန်း နှင့် ၉ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း၊
ချေးငွေ၏ သက်တမ်းမှာ နှစ်နှစ်မှ ငါးနှစ်အထိရှိကြောင်း၊ လုပ်ငန်းသုံး စက်ကိရိယာနှင့်
ပုံသေပိုင်ပစ္စည်းများဝယ်ယူမှုဖြင့် လုပ်ငန်းတိုးချဲ့လိုသူများကို အဓိကထုတ်ချေးပေးကြောင်း၊
ချေးငွေရရှိသူ တောင်သူ လယ်သမားဦးကြီးများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်များ၊
ဆန်စက်၊ ဆီစက် လုပ်ငန်းရှင်များ၊ MSMEလုပ်ငန်းရှင်များအတွက် အကျိုးကျေးဇူးများစွာရရှိကြောင်း၊
ချေးငွေ မရရှိသေးသူလုပ်ငန်းရှင်များကလည်း ချေးငွေ၏သတ်မှတ် ချက်များပြည့်မီအောင်ကြိုးပမ်း၍
ရရှိရေး ဆောင်ရွက်လိုကြကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment