နေပြည်တော် နိုဝင်ဘာ ၂၇
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်
ယနေ့ည ၇ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) ၌ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏
နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့ နှင့် ၂၀၁၉ ခုနှစ်တွင်ကျရောက်မည့် ကိုရီးယား-အာဆီယံ ဆွေးနွေးဖက်
ဆက်ဆံရေးနှစ် (၃၀) ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာ နိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ
ကျင်းပသည့် K-Wind Soul Beat ကိုရီးယားရိုးရာ အနုပညာ ဖျော်ဖြေပွဲသို့ တက်ရောက်ကြည့်ရှုအားပေးသည်။
ဖျော်ဖြေပွဲသို့ ပြည်ထောင်စုဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ နှင့်ဇနီး၊ တပ်မတော် အရာရှိကြီး များ၊ ဒုတိယ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာန
ဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံ သံအမတ်ကြီး နှင့်
သံရုံးမှ တာဝန်ရှိသူများ၊ ၀န်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများနှင့် ပြည်သူများ တက်ရောက်
ကြည့်ရူ အားပေးကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ည ၆ နာရီ ၅၅ မိနစ်တွင် ဖျော်ဖြေပွဲကျင်းပမည့် မြန်မာအပြည်ပြည် ဆိုင်ရာ
ကွန်ဗင်းရှင်း ဗဟိုဌာန-၂ သို့ရောက်ရှိလာရာ ကိုရီးယားသံအမတ်ကြီးနှင့် ဇနီးတို့က ခင်မင်ရင်းနှီးစွာ
ကြိုဆိုနှုတ်ဆက်ပြီး မှတ်တမ်း တင်ဓာတ်ပုံရိုက်သည်။
ဖျော်ဖြေပွဲတွင် ကိုရီးယားသံအမတ်ကြီး H.E. Mr.Lee
Sang-hwa က နှုတ်ခွန်းဆက် စကားပြောကြားသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊
နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် ကိုရီးယား သံအမတ်ကြီး
နှင့်ဇနီးတို့သည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် ကိုရီးယားအနုပညာရှင်များက ကိုရီးယားရိုးရာ အနုပညာအဆို၊အက၊အတီးတို့
ဖြင့် ဖျော်ဖြေကြသည်။
(သတင်းစဉ်)
No comments:
Post a Comment