ရန်ကုန်၊ နိုဝင်ဘာ ၂၅
ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့
မွန်းလွဲပိုင်းတွင် Grand Mercure Hotel၊ ရန်ကုန်တွင် ကျင်းပသည့် နိုင်ငံတကာ
ဘိလိယက်နှင့် စနူကာ အဖွဲ့ချုပ်၏ နှစ်ပတ်လည် အထွေထွေ အစည်းအဝေး ဖွင့်ပွဲ
အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက
ယခုကဲ့သို့ ကမ္ဘာ့တိုက်ကြီးများရှိ နိုင်ငံပေါင်း (၃၅) နိုင်ငံမှ အားကစားသမား (၁၉၇)
ဦး ပါဝင်ယှဉ်ပြိုင်သည့် ကမ္ဘာ့အဆင့် ဘိလိယက်နှင့် စနူကာပြိုင်ပွဲကြီးနှင့်
နိုင်ငံအသီးသီးမှ ဘိလိယက်နှင့်စနူကာ အဖွဲ့ချုပ်များ၏ ဥက္ကဋ္ဌများ တက်ရောက်သည့်
နိုင်ငံတကာ ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် (International Billiards and Snooker
Federation) ၏ နှစ်ပတ်လည် အထွေထွေ အစည်းအဝေးကို မြန်မာနိုင်ငံတွင်
လက်ခံကျင်းပခွင့် ရရှိခဲ့ခြင်းကို ဝမ်းမြောက် ဂုဏ်ယူပါကြောင်း။
ဤပြိုင်ပွဲကြီးသည်
နိုင်ငံတကာမှ ပြိုင်ပွဲဝင် အားကစားသမားများ၏ ယှဉ်ပြိုင်မှုမှတ်တမ်းများကို
လေ့လာနိုင်ခဲ့ပြီး မြန်မာနိုင်ငံရှိ အားကစား သမားများအတွက် အမြင်ကျယ်စေခဲ့သည့်
ပြိုင်ပွဲကြီး ဖြစ်ပါကြောင်း၊ ပြိုင်ပွဲကြီးတွင် ကမ္ဘာ့ 150up ဘိလိယက်ပြိုင်ပွဲ၌
မြန်မာနိုင်ငံမှ အားကစားသမားက ဒုတိယ ဆုတံဆိပ် ဆွတ်ခူးရရှိခဲ့ခြင်းကိုလည်း
ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ နိုင်ငံတကာ ဘိလိယက်နှင့် စနူကာ အဖွဲ့ချုပ်၏
နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် ဆွေးနွေးမည့် ခေါင်းစဉ် အကြောင်းအရာ များသည်
စုံလင်ကောင်း မွန်ပြီး သက်ဆိုင်ရာ နိုင်ငံအသီးသီး၏ ဘိလိယက်နှင့် စနူကာ
အားကစားနယ်ပယ်အတွက်လည်း အကျိုးရှိစေမည် ဖြစ်ကြောင်း။
နိုင်ငံအသီးသီးမှ
ဘိလိယက်နှင့် စနူကာ အဖွဲ့ချုပ် ဥက္ကဋ္ဌများအနေဖြင့် မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာ
အားကစား ပိုမိုဖွံ့ဖြိုး တိုးတက်စေရန်အတွက် အတွေ့အကြုံများနှင့် အကြံဉာဏ်များ
ဝေမျှပေးအပ်ကြစေလိုပါကြောင်း၊ ယခု ပြိုင်ပွဲကြီးနှင့် အစည်း အဝေးကြီးမှတဆင့်
အားကစားသမားများ အချင်းချင်း၊ အဖွဲ့ချုပ် ဥက္ကဋ္ဌများ အချင်းချင်း၊
အဖွဲ့ချုပ်များအချင်းချင်း ဆက်သွယ်ချိတ်ဆက် မှုများ ပြုလုပ်ခြင်းဖြင့် ဘိလိယက်နှင့်
စနူကာ အားကစား ပိုမိုဖွံ့ဖြိုး တိုးတက်စေနိုင်မည်ဟု ယုံကြည်ပါ ကြောင်း၊
မြန်မာနိုင်ငံတွင် လူငယ်မျိုးဆက်သစ် အားကစားသမားများ ပိုမိုပေါ်ထွက်လာရေးနှင့်
ဘိလိယက်နှင့် စနူကာ အားကစား ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် လုပ်ငန်းများကို
ဝန်ကြီးဌာနမှ ပံ့ပိုး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
အစည်းအဝေးသို့
နိုင်ငံတကာ ဘိလိယက်နှင့် စနူကာ အဖွဲ့ချုပ် (IBSF) ဥက္ကဋ္ဌ Mr. Mubarak Hamad M S
Al-Khayarin၊ ဒုတိယဥက္ကဋ္ဌ Mr. Joseph James Leacy၊ အာရှ ဘိလိယက် အဖွဲ့ချုပ် (the
Asian Confederation of Billiard Sports - ACBS) ဥက္ကဋ္ဌ Mr. Mohamed Salem A S
Al-Nuaimi၊ အာဖဂန်နစ်စတန်၊ သြစတြေးလျ၊ သြစတီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ဘယ်လ်ဂျီယံ၊
တရုတ်၊ တရုတ်ဟောင်ကောင်၊ ဒိန်းမတ်၊ ဂျာမနီ၊ အိန္ဒိယ၊ အီရန်၊ အီရတ်၊ ဂျပန်၊
ကိုရီးယား၊ လတ်ဗီးယား၊ မလေးရှား၊ မော်ရစ်ရှ၊ မွန်ဂိုလီးယား၊ နယူးဇီလန်၊ ပါကစ္စတန်၊
ပိုလန်၊ ကာတာ၊ အိုင်ယာလန်၊ ရိုမေးနီးယား၊ ရုရှ၊ စင်ကာပူ၊ တောင်အာဖရိက၊ သီရီလင်္ကာ၊
ဆွီဒန်၊ ဆီးရီးယား၊ တူရကီ၊ ယူအေအီး၊ ဗီယက်နမ်၊ ဝေးလ်နှင့် မြန်မာနိုင်ငံစုစုပေါင်း
နိုင်ငံ (၃၅) နိုင်ငံမှ ဘိလိယက်နှင့် စနူကာ အဖွဲ့ချုပ် ဥက္ကဋ္ဌများ တက်ရောက်
ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment