နေပြည်တော်
နိုဝင်ဘာ ၂၅
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယမန်နေ့ နံနက် ပိုင်းက ပုသိမ်မြို့နယ် ပုသိမ်-ငွေဆောင်ကားလမ်း
မိုင်တိုင်အမှတ်(၁၇/၀) အနီး သလပ်ခွာကြိုးဝိုင်း အကွက်အမှတ် (၂၇)အတွင်းရှိ ပုသိမ်မြို့
နယ် သစ်တောဦးစီးဌာန မြန်မာနိုင်ငံ သစ်တောများပြန်လည် တည်ထောင်ရေးစီမံကိန်း အမြဲတမ်း
စခန်းရုံးသို့ ရောက်ရှိရာ
တာဝန်ရှိသူများက ပုသိမ်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၁၈-၂၀၁၉
ခုနှစ်အတွင်း ဆောင်ရွက် မည့် လုပ်ငန်းအစီအစဉ်များအား ရှင်းလင်း တင်ပြသည်။
ရှင်းလင်းတင်ပြမှုများနှင့် စပ်လျဉ်း၍
ပြည်ထောင်စုဝန်ကြီးက သစ်တောလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနမှ ထုတ်ပြန် ထားသည့်
Standard Operation Procedures (SOPs) အတိုင်း တိတိကျကျဆောင်ရွက်ရန် လိုအပ်ကြောင်း၊
လုပ်ငန်း ဆောင်ရွက်မှု အပေါ် တာဝန်ရှိဝန်ထမ်းများက ရာထူးအဆင့်အလိုက် တာဝန်ခံ၊ တာဝန်ယူ
ကြီးကြပ် ဆောင်ရွက်ခြင်းများ အထူးလိုအပ်ကြောင်း၊ ပင်ပူးခွာကိုင်းချိုင်ခြင်း၊ ပင်ကျပ်နုတ်ခြင်း
လုပ်ငန်းများအတွက် မြို့နယ်အဆင့်၊ ခရိုင်အဆင့် တာဝန် ခံများက စနစ်တကျကြီးကြပ်ရန် လိုအပ်သလို
သစ်တောစိုက်ခင်းများနှင့် စပ်လျဉ်း၍ တွေ့ရှိချက်များ၊ သုံးသပ်ချက်များကို အစီရင်ခံစာ
စနစ်တကျရေးသားပြုစု၍ ဦးစီးရုံးချုပ်သို့ တင်ပြရန်လိုအပ်ကြောင်း၊ သို့မှသာ နောင်တစ်ချိန်တွင်
သစ်တော လုပ်ငန်းများ အလုပ်လွှဲပြောင်းမှုများ အတွက် မှတ်တမ်း မှတ်ရာများဖြင့် စနစ်တကျထိန်းသိမ်းထားနိုင်မည်ဖြစ်ကြောင်း
ဆွေးနွေးမှာ ကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
သလပ်ခွာကြိုးဝိုင်း အကွက်အမှတ်(၂၇) အတွင်း စိုက်ပျိုးတည်ထောင် ထားသည့် (၁/၂၀၁၈) စီးပွားရေးပျဉ်းကတိုးစိုက်ခင်း
ဧက ၃၅၀ စိုက်ခင်း အောင်မြင်ရှင်သန်နေမှု၊ ၂၀၁၉ မိုးရာသီတွင် တည်ထောင်မည့် သစ်တောစိုက်ခင်း
အတွက် လိုအပ်သော ပျိုးပင်များထုတ်လုပ်နိုင်ရန် ပျိုးဥယျာဉ်တည်ဆောက်နေမှု တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး
လိုအပ်သည်များကို မှာကြားသည်။
▲ကြည့်ရှုစစ်ဆေး▲
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
ပုသိမ်-ချောင်းသာ ကားလမ်း မိုင်တိုင်အမှတ် (၂၄/၆)အနီး ချောင်းသာ ကြိုးဝိုင်း အကွက်အမှတ်
(၂၀) အတွင်း (၁/၁၉၈၃) ပျဉ်းကတိုး စိုက်ခင်းဧက ၂၀၀ အနက် ၂၅ ဧကအား သစ်စေ့ထုတ် ဧရိယာအဖြစ်
သတ်မှတ်ဆောင်ရွက် ထားရှိမှုအား ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
ပုသိမ်မြို့နယ် ချောင်းသာဒေသရှိ ပုဂ္ဂလိကပိုင် ဆင်စခန်းများဖြစ်သည့် ချောင်းသာဆင်စခန်းနှင့်
ကျောက်မောင်နှမဆင်စခန်းများသို့ ရောက်ရှိ စစ်ဆေးသည်။ ကြည့်ရှုစစ်ဆေးရာတွင် ဆင်စခန်း
များမှ တာဝန်ရှိ သူများနှင့် တွေ့ဆုံ ၍ မြန်မာ့သစ်လုပ်ငန်းမှ ငှားရမ်းထားသည့်ဆင်များအတွက်
လွှတ်ကျောင်းစားကျက် များ ရရှိနိုင်မှုနှင့် ဖြည့်စွက်စာများကျွေးမွေးမှုအပါအဝင် ကျန်းမာရေးအတွက်
ပြုစုထိန်းသိမ်း စောင့်ရှောက်ထားမှု၊ ဆင်ဦးစီး များနှင့် ဆင်နောက်လိုက်များ၏မိသားစုအတွက်
စားဝတ်နေရေးကူညီပံ့ပိုးပေးနိုင်မှုနှင့် ဆင်စခန်းများအတွင်းသို့ ဧည့်သည် များ ဝင်ရောက်
အပန်းဖြေလေ့လာမှုများအပေါ် လိုအပ်သည်များအား ဆွေးနွေးမှာကြားသည်။
▲စီမံကိန်းကြည့်ရှု▲
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
ပုသိမ် - ချောင်းသာ ကားလမ်း မိုင်တိုင် အမှတ် ၃၇/၀ အနီးရှိ မြန်မာနိုင်ငံ သစ်တောအသင်းနှင့်
Ramsar Center Japan (RCJ) တို့ ပူးပေါင်း၍ TOYOTA Environmental Grant ၏ ငွေကြေး ထောက်ပံ့မှုဖြင့်
ဒီဇင်ဘာ ၁၁ ရက်အထိ တစ်နှစ်ကြာ ဆောင်ရွက်လျက်ရှိသော ဒေသခံ လူထုအခြေပြု ဒီရေတော ထိန်း
သိမ်းရေးနှင့် လူမှုဘ၀ဖွံ့ဖြိုးရေးနှင့် ထာဝစဉ်တည်တံ့ရေးစီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်နိုင်မှုအား
ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
ပုသိမ်မြို့နယ် ရွှေသောင်ယံ မြို့နယ်ခွဲ အတွင်း သစ်တောဦးစီးဌာန ပုသိမ် တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာနနှင့်
Worldview International Foundation တို့ ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက် လျက် ရှိသော
ဒီရေတောဧရိယာ ဧက ၁၈၀၀ ထိန်းသိမ်းကာကွယ်ခြင်းနှင့် လိုအပ်သောနေရာများတွင် ကွက်လပ်ဖြည့်
စိုက်ပျိုးခြင်းများ ဆောင်ရွက်နေမှုများအား သွားရောက်ကွင်းဆင်း စစ်ဆေး ခဲ့ရာ တာဝန်ရှိသူများက
လုပ်ငန်းဆောင်ရွက် ထားရှိမှုများ၊ ရှားပါးဒီရေတော သစ်ပင်မျိုးစိတ် များ ထိန်းသိမ်းကာကွယ်ထားရှိမှုများအား
လိုက်လံ ရှင်းလင်းပြသခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးသည် ဒီရေတောအတွင်း အမှတ်တရ သစ်ပင်
စိုက်ပျိုးပေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်
No comments:
Post a Comment