Tuesday, November 27, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကုလသမဂ္ဂ လူဦးရေနှင့်ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့အားတွေ့ဆုံ



နေပြည်တော် နိုဝင်ဘာ ၂၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး သည် တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် ကုလသမဂ္ဂ လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Janet E. Jackson နှင့်အဖွဲ့အား  ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးရုံး မေခလာခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မိမိတို့ဝန်ကြီးဌာနနှင့် UNFPA အဖွဲ့အစည်းတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံ လူငယ်မူဝါဒ ရေးဆွဲပြီး ဖြစ်ရာ မူဝါဒအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် လုပ်ငန်း စီမံချက်များ ရေးဆွဲ ဆောင်ရွက် ရန် အချက်များ၊ လူငယ်များနှင့် ပတ်သက်သည့် လုပ်ငန်း စီမံချက်များတွင် လူငယ်များ ပါဝင်နိုင်ရေး၊ အထူးသဖြင့် တိုင်းရင်းသား လူငယ်များ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်နိုင်ရေး၊ တိုင်းရင်းသား လူငယ်များအနေဖြင့် လူမှုရေးနှင့် ငြိမ်းချမ်း ရေး လုပ်ငန်းများတွင် ပါဝင်နိုင်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် လူမှုဝန်ထမ်းလုပ်ငန်းများ၏ အရေးပါမှုများနှင့် လူမှု ၀န်ထမ်းလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရန် လူမှုရေးလုပ်သားများ မွေးထုတ်ခန့်ထားနိုင်ရေး ကိစ္စရပ်များ၊ ရန်ကုန်မြို့တွင် စတင် တည်ထောင်မည့် Social Work Institute အတွက် ငွေကြေးနှင့် နည်းပညာအကူအညီများ ရရှိနိုင်ရေး ကိစ္စရပ်များ၊ အမျိုး သမီးများ အပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှ ကာကွယ်တားဆီးနိုင်ရေး လုပ်ငန်းစဉ်များနှင့် ရခိုင်ပြည်နယ်ရှိ နေရပ် စွန့်ခွာသူများအရေး ကိစ္စနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ သည်။
 (သတင်းစဉ်)

No comments:

Post a Comment