Thursday, November 22, 2018

(၈၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့ညီလာခံသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးနှင့်အဖွဲ့ တက်ရောက်



နေပြည်တော်၊ နိုဝင်ဘာ ၂၂

(၈၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ညီလာခံ( 87 thINTERPOLConference)ကို နိုဝင်ဘာ ၁၈ ရက်မှ ၂၁ ရက်ထိ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဒူဘိုင်းမြို့၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး နှင့်အဖွဲ့ တက်ရောက်ခဲ့သည်။


87th INTERPOL Conference သို့ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၄ နိုင်ငံမှ ရဲချုပ်/ ဒုတိယ ရဲချုပ်များ၊ ASEANAPOL, EUROPOL, AMERICAPOL နှင့် AFRIPOL တို့မှ အကြီးအကဲများ၊ အင်တာပိုလ် အမှုဆောင် ကော်မတီ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများနှင့် အင်တာပိုလ်အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတကာအသိ အမှတ်ပြု လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ နည်းပညာတီထွင်ထုတ်လုပ်သည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ကျွမ်းကျင်သူများ တက်ရောက်ခဲ့သည်။ 

ညီလာခံတွင် ကမ္ဘာတစ်ဝှမ်း ၂၀၁၈ ခုနှစ်အတွင်း ဖြစ်ပွားပေါ်ပေါက်ခဲ့သော မှုခင်းပြဿနာများအပေါ် သုံးသပ်ခြင်း၊   ၂၀၁၉ ခုနှစ်တွင် ဖြစ်ပေါ်လာနိုင်သော မှုခင်းပုံစံများ၊ မျှော်မှန်းချက်များနှင့် ရဲအဖွဲ့များက တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက်သင့်မှုများကို ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်သည် INTERPOL Conference တက်ရောက်စဉ်အတွင်း အင်တာပိုလ်အမှုဆောင် ကော်မတီ ဥက္ကဋ္ဌ Mr. Kim Jong Yang၊ အင်တာပိုလ် အထွေထွေအတွင်းရေးမှူးချုပ် Mr. Jurgen Stock၊ သြစတြေးလျနိုင်ငံ အမျိုးသား ရဲအဖွဲ့အကြီးအကဲနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားဥပဒေစိုးမိုးရေး ဌာနနှင့် ရဲအဖွဲ့အကြီးအကဲတို့အား သီးခြားစီတွေ့ဆုံ၍ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကဏ္ဍများတွင် ၂ နိုင်ငံရဲတပ်ဖွဲ့ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ရဲတပ်ဖွဲ့ စွမ်းရည်မြှင့်တင်ရေးနှင့် နည်းပညာပစ္စည်းများ ကျွမ်းကျင်စွာ အသုံးပြုနိုင်ရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် သတင်းအချက်အလက် ဖလှယ်ရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်မှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)

No comments:

Post a Comment