Thursday, November 29, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအား တွေ့ဆုံ



နေပြည်တော် နိုဝင်ဘာ  ၂၉

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည်  မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မစ္စတာ ဒန်နီရယ်ပက်ထရစ်ဘရန်ဒန်ချဂ်  အား ယနေ့နံနက်ပိုင်းတွင် ၀န်ကြီးရုံး၊ မေခလာခန်းမ၌ တွေ့ဆုံ သည်။


တွေ့ဆုံစဉ်  ၀န်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်း ကူညီပံ့ပိုး ဆောင်ရွက်မည့်ကိစ္စများ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည် ဖော်မှုများတွင် ဗြိတိန်နိုင်ငံက ပါဝင်ကူညီနိုင်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment