Tuesday, November 27, 2018

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် တိုင်းရင်းသားရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော်သို့ ရောက်ရှိ


 
နေပြည်တော် နိုဝင်ဘာ ၂၆

ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင် မှုကော်မတီ ဥက္ကဋ္ဌ ဦးခွန်မောင် သောင်း၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ချစ်ကြည် ရေးခရီး လာရောက်လည်ပတ်သော တရုတ်ပြည်သူ့သမ္မတ နိုင်ငံ အမျိုးသား ပြည်သူ့ကွန်ဂရက် တိုင်းရင်းသားရေးရာ ကော်မတီ ဒုတိယဥက္ကဋ္ဌH.E. Mr. Tondrub Wangben နှင့်အဖွဲ့သည် ယနေ့ညပိုင်းတွင် နေပြည်တော်သို့ လေကြောင်းခရီးဖြင့်ရောက်ရှိသည်။


ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ပြည်သူ့ လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီဥက္ကဋ္ဌ ဦးခွန်မောင် သောင်း၊ အတွင်းရေးမှူး ဦးအင်ထုံးခါးနော်ဆမ်၊ ကော်မတီ အဖွဲ့ဝင် ဦးကျင်ဝမ်းနှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန် ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။ 

သတင်းစဉ်

No comments:

Post a Comment