''မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ရတာ လွယ်ကူရဲ့လား'' ခေါင်းစဉ်ဖြင့် စီးပွားရေးစကားဝိုင်းအပိုင်း(၂)ကို မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သီတာမြင့်နှင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း ရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်များကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့ပါသည်။ အဆိုပါ စကားဝိုင်းတွင် ဆွေးနွေးခဲ့ကြသည်များကို ဖော်ပြအပ်ပါသည်-
ယမန်နေ့မှအဆက်
ဦးအောင်စိုး ။ ။ အစိုးရနဲ့ ပုဂ္ဂလိက ထိတွေ့ပြီး တော့ ပူးပေါင်းဆောင်ရွက်တဲ့ အပိုင်းတွေက လွယ်လွယ်ကူကူနဲ့ ဖြစ်ပေါ်နေပါ တယ်။Public Private Dialogue (PPD) တွေက အများကြီးဖြစ်ပါတယ်။ ဒီအစိုးရလက်ထက် မှာ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဆိုပြီး ပေါ်လာပါတယ်။ ဒါလည်း Asia Development Bank - ADB ရဲ့ အကူအညီနဲ့ အရင်အစိုးရ လက်ထက်ကတည်းက စလုပ်ခဲ့တဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ အဲဒီမှာFrame Work တစ်ခုပြီးသွားတယ်။ အဲဒီမှာ Action Plan တွေရှိတယ်။ ဒါတွေကိုအကောင်အထည် ဖော်ဆောင်တာက ဒီဘက်အစိုးရ ခေတ်မှာ စပြီး ဖော်ဆောင်ပါတယ်။ ဖော်ဆောင်တဲ့အခါမှာလည်း ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကော်မတီကို ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်ပြီးတော့ ဖွဲ့ထားပါတယ်။
▲▲ထိထိရောက်ရောက် အသုံးချ▲▲
ဒုတိယ သမ္မတ ကြီးကိုယ်တိုင် ဦးဆောင်ပြီး လစဉ် ကုန်သည်ကြီးများအသင်းမှာ အစည်းအဝေး ထိုင်ပါတယ်။ အစည်း အဝေး ထိုင်ပြီး လုပ်ငန်းရှင် တွေနဲ့ လစဉ်ထိတွေ့ပါတယ်။ ဒုတိယသမ္မတအဆင့် က လစဉ်လုပ်ငန်းရှင်တွေနဲ့ ကုန်သည်ကြီး များ အသင်းမှာ အစည်းအဝေးလုပ်ပေးတယ်ဆိုတာက အင်မတန်ကောင်းတဲ့ အခွင့်အလမ်းပါ။ အဲဒီမှာ ပြောခွင့်လည်း ရပါတယ်။ ဝန်ကြီးတွေ၊ ဒုတိယ ဝန်ကြီးတွေ၊ ညွှန်ကြားရေးမှူးချုပ်တွေ အကုန်လုံး လာပြီးတော့Issue တိုင်းကို နားထောင်ပေးတယ်။ ဒီနေရာမှာလည်း Doing Business ထဲက Issue တွေပြောလို့ရတယ်။ အဲဒီမှာ ပြောစေချင် ပါတယ်။ ပြောလည်း ပြောနေကြပါတယ်။ ဒါတွေကို လည်း နားထောင်ပြီးတော့ ဖြေရှင်းပေးနေပါတယ်။ ခုနက ပြောတဲ့ Public Private Dialogue ဖြစ်ဖို့အတွက် အခွင့်အလမ်းတွေက တစ်ခုတည်း မဟုတ်ပါဘူး။ Doing Business အတွက် သီးခြားတွေ့တာတွေလည်းရှိပါတယ်။ တွေ့ချင် တယ်ဆိုရင် သီးခြားအစည်းအဝေးတွေ ဖန်တီး ပေးထားတာရှိပါတယ်။ ဒါတွေက အခွင့်အလမ်း တွေဖြစ်ပါတယ်။ ဒါတွေကို ထိထိရောက်ရောက် အသုံးချပြီးတော့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်စေ ချင်တာဖြစ်ပါတယ်။
နောက်တစ်ပိုင်းကတော့ နည်းပညာအပိုင်း ဖြစ်ပါတယ်။ Doing Business Ranking တက်ဖို့က တစ်ခါလုပ်လို့ တစ်ခါရတာ နဲ့ ချက်ချင်း တက်သွားတာ မဟုတ်ပါဘူး။ ကမ္ဘာ့ဘဏ်က ကျွမ်းကျင်ပညာရှင်တွေ ပြောကြားချက်အရ စောင့်ကြည့်သေး တယ်။ ဥပမာ - လိုင်စင်တွေဖြစ်တဲ့ ပို့ကုန်လိုင်စင်တွေ၊ သွင်းကုန်လိုင်စင်တွေကို လျှော့ချပစ်လိုက်တယ်။ လိုင်စင်မလိုတော့ ဘူး။ တော်တော်များများ ကုန်ပစ္စည်းအမယ်တွေက ဒီအတိုင်းပဲ အကောက်ခွန်နဲ့ပို့လို့ရနေပါပြီ။ ဒါရဲ့ အကျိုးရလဒ်ကို တကယ်ခံစားရလား ဆိုတာကို စောင့်ကြည့်သေးတယ်။ တကယ်သုံးရဲ့လားဆိုပြီး နှစ်နှစ် သုံးနှစ်စောင့်ကြည့်သေးတယ်။ တစ်ခါတည်း အမှတ်မပေးဘူး။ ဒါက ကမ္ဘာ့ဘဏ်က ကျွမ်းကျင် ပညာရှင်တွေနဲ့ နည်းပညာပိုင်းဆိုင်ရာဆွေးနွေးမှု တွေလုပ် တဲ့အခါ သိလာရတာဖြစ်ပါတယ်။Tax ဆိုလည်းဒီလိုပဲ ဘာလုပ်လုပ် အကျိုးကျေးဇူးကို ခံစားရပြီလားဆိုတာ နောက်တစ်ခါ နှစ်နှစ်၊ သုံးနှစ် စောင့်ကြည့်ပြီးမှ တဖြည်းဖြည်းချင်းအမှတ်ပေးတဲ့ သဘောရှိတယ်။ တကယ့်အကျိုးကျေးဇူးကို ပုဂ္ဂလိကကဏ္ဍကခံစားရမှ၊ အကျိုးရှိမှ အမှတ်က တက်လာတာရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ တကယ်အကျိုး ရှိအောင်လုပ်ရမယ်။ ပြီးတော့ ထိန်းထားရမယ်။ ဒီနှစ်လုပ်လိုက် လာမယ့်နှစ် မလုပ်လိုက်လုပ်လို့မရဘူး။ ထိန်းထားပြီးတော့ အရည်အသွေးတက်လာအောင် လုပ်ရမယ်။
ပုဂ္ဂလိက ကဏ္ဍက ကျေနပ်မှုရရှိပြီး သူတို့ ကိုယ်တိုင်က တိုးတက်တယ်လို့ခံယူမှ အမှတ်က ရောက်လာမှာဖြစ်ပါတယ်။ ဒါက Sensitive ဖြစ် တယ်။ စာရွက်ပေါ်မှာကြည့် ပြီးတော့ လုပ်လိုက်ရုံနဲ့ တော့ ရသွားတာမဟုတ်ဘူး။ အားလုံးက လက်တွေ့ကျကျ ထိထိရောက်ရောက် ကြိုးစားပြီးတော့ တကယ်လွယ်ကူအောင် လုပ်ပေးဖို့လိုတယ်ဆိုတာ ကို ဖြည့်စွက် ပြီးတော့ ပြောချင်ပါတယ်။
ဦးအောင်နိုင်ဦး ။ ။ ကျွန်တော်တို့ ပြုပြင် ပြောင်းလဲ မှုတွေ လုပ်ကြတယ်။ ကမ္ဘာ့ဘဏ်ကလည်း ကျွန်တော်တို့ တိုင်းပြည်နဲ့ ပတ်သက်လို့ ဖြေကြားချက်တွေယူ တဲ့အခါ ပုဂ္ဂလိက ကဏ္ဍရဲ့ ဖြေကြားချက်တွေကို ယူတယ်။ တချို့ပုဂ္ဂလိကကဏ္ဍတွေက တိတိကျကျ ဖြေကြားမှုမရှိတာတွေ တွေ့ရှိရပါတယ်။ ပြုပြင် ပြောင်းလဲမှုရဲ့ အကျိုးကျေးဇူးကို ပုဂ္ဂလိက ကဏ္ဍက မခံစားရသေးတာတွေရှိတယ်။ ဥပမာ - ကျွန်တော် တို့ ကုမ္ပဏီဥပဒေကို ပြင် လိုက်တယ်။ ဥပဒေသစ်က သြဂုတ် ၁ ရက်က စပြီး အသက်ဝင်နေပြီ။ ကုမ္ပဏီ ဥပဒေ အသက်မဝင်ခင်ကတည်းက ဒီဥပဒေကြီး အသက်ဝင်လာရင် ပြောင်းသွားမယ့် အချက်တွေ ကို ဝန်ကြီးဌာနတွေသိဖို့အတွက် သူတို့ကိုဖိတ်ကြား ပြီး သေချာရှင်းပြပေးတယ်။ ဒီ ဥပဒေသစ်က ဒါတွေ ထူးခြားသွားပြီ။ ဒါတွေ မလိုတော့ဘူး။ ဝန်ကြီးဌာန တွေကို နှုတ်နဲ့ရှင်းပြပြီး စာနဲ့လည်းရှင်းပြတယ်။ အွန်လိုင်းစလုပ်တဲ့ အချိန်မှာ ကုမ္ပဏီနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဝန်ကြီးဌာနတွေက အလွယ် တကူကြည့်လို့ရအောင် ID တွေ၊ Password တွေ အကုန်လုံးကို ဝန်ကြီးဌာနတွေဖြန့်ပေးထား ပါတယ်။ ကျွန်တော်တို့လုပ်တဲ့ ပြုပြင်ပြောင်းလဲမှု ကို ဝန်ကြီးဌာန တွေ အားလုံးသိသွားရင် အားလုံး စည်းဝါးညီသွားမယ်။ တစ်ယောက်လုပ်ထားတာကို အားလုံးသိသွားပြီးတော့ စည်းဝါးညီအောင်ဖြစ်စေ ချင်တာဖြစ်ပါတယ်။
ဒါပေမယ့် Communication အခက်အခဲ လေးတွေရှိတယ်။ ဥပမာ- ဥပဒေဟောင်းမှာ ပုံစံ ၆ နဲ့ ၂၆ တို့ရှိတယ်။ ကုမ္ပဏီတစ်ခုက ဌာနတစ်ခုကို သွားဆက်သွယ်ပြီဆိုရင် ပုံစံ ၆ နဲ့ ၂၆ ယူသွားရ တယ်။ ယူသွားပြီး လိုအပ်တာစစ်ဆေးပြီးမှ လုပ်ငန်း စဉ်တွေ ဆက်လုပ်ပေးတယ်။ ဥပဒေသစ်ထဲမှာ ဒါတွေမရှိတော့ဘူး။ မရှိကြောင်းလည်း အားလုံးကို ပြောပြီးပြီ။ သို့သော်လည်း တကယ်လက်တွေ့မှာ ပုဂ္ဂလိကကဏ္ဍကလူတွေက အစိုးရရုံးတွေကို သွားဆက်သွယ်တဲ့အခါကျတော့ ပုံစံ ၆ ၊ ၂၆ ယူလာ ခဲ့ဆိုတော့ သူတို့မှာ ဒုက္ခတွေရောက်တယ်။
▲▲တစ်ယောက်တည်းပြုပြင်ပြောင်းလဲလို့မရ▲▲
ကျွန်တော့်အမြင်ပြောရရင် Communication Problem ပေါ့။Top level ကနေ ရထားတဲ့ သတင်းအချက်အလက်က လက်တွေ့ အခြေခံအဆင့်မှာ အလုပ်လုပ်ရတဲ့ ဝန်ထမ်းတွေဆီ မရောက်ဘူး။ မရောက်တော့ အခက်အခဲလေးတွေ ပေါ်လာတာတွေ့ ရတယ်။ Doing Business တက်ဖို့လုပ်တဲ့အခါမှာ ပြုပြင်ပြောင်းလဲ မှုလုပ်သလို စည်းညီဝါးညီ လုပ်ဖို့လည်းလိုပါတယ်။ ဒါကဝန်ကြီးဌာနတွေ ဘက်ပေါ့။ တစ်ယောက်တည်း လုပ်ပြီးတစ်ယောက်တည်း ဖြေလျှော့ သွားလို့ မရဘူး။ တစ်ယောက်တည်း ပြုပြင်ပြောင်းလဲလို့မရဘူး။ ကျွန်တော်တို့က စည်းဝါးညီဖို့လိုတယ်။
ပြုပြင်ပြောင်းလဲမှု လုပ်ပြီးတဲ့အခါမှာ Doing Business က ကျန်းကျန်းမာမာနဲ့ ရှင်သန်ချင် တယ် ဆိုတာကောင်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ Doing Business Score နဲ့ နိုင်ငံ တစ်ခုရဲ့Doing Business အဆင့်နဲ့ ဒီတိုင်းပြည် ထဲကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်တာနဲ့ တိုက်ရိုက် အချိုးကျတယ်။Doing Business Score ကောင်းတဲ့နိုင်ငံတွေက Foreign Direct Investment - FDI များများဝင်တယ်။ ဥပမာ- အာဆီယံထဲမှာဆိုရင် စင်ကာပူအကောင်းဆုံးဖြစ်ပါ တယ်။ စင်ကာပူက နှစ်စဉ်နံပါတ်တစ် ရတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ကစပြီး နယူးဇီလန်နိုင်ငံကိုလွှဲပေး လိုက်ရတယ်။ သူက ငါးနှစ်ဆက် ကမ္ဘာပေါ်မှာ နံပါတ်တစ်ရလာခဲ့တယ်။ စင်ကာပူက အာဆီယံ နိုင်ငံတွေထဲမှာ အကောင်းဆုံးဖြစ်ပြီးFDI အများ ဆုံးဝင်တယ်။ ဆိုလိုတာကScore ကောင်းလာရင်FDI ဝင်တယ်။ ကျွန်တော်တို့က Doing Business နဲ့ ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲမှု ဆိုတာက အဆင့်ကောင်းအောင်လုပ်နေတယ်။ ဒုတိယသမ္မတကြီး ဦးဆောင်ပြီးတော့ သုံးနှစ် အတွင်း အဆင့်ကို ၁ဝဝ အောက် ရောက်အောင် လုပ်ကြမယ်။ ကြိုးစားပြီးတော့ ကော်မတီတွေဖွဲ့၊ ကမ္ဘာ့ဘဏ်နဲ့ပူးပေါင်း၊ ပုဂ္ဂလိက ကဏ္ဍတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်နေကြတယ်။
လုပ်ပေမယ့် ပြုပြင်ပြောင်းလဲမှုက ၂ဝ၂၁ ခုနှစ်မှာ ၁ဝဝ အောက်ရောက်သွားပြီဆိုရင် ပြီးပြီ ဆိုပြီး သွားရပ်လို့မရဘူး။ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေက ဆက်လက်လုပ်နေရမယ်။ ပြုပြင်ပြောင်းလဲမှုက လုပ်ငန်းစဉ်ဖြစ်တယ်။ အချိန်တို အတွင်းမှာ ရလဒ်ပေါ်ဖို့ ခက်တယ်။ ဆက်ပြီးတော့လည်း လုပ်ဆောင်နေဖို့လိုတယ်။ အဲဒီအချိန်မှာ အရေးကြီးဆုံးက ပုဂ္ဂလိက၊ အစိုးရနဲ့ ဝန်ကြီးဌာနတွေ နီးနီးကပ်ကပ် ပေါင်းလုပ်ဖို့ လို တယ်။ အစိုးရဝန်ကြီးဌာနမှာလည်း တစ်ယောက်နဲ့ တစ်ယောက် စည်းဝါးကိုက်ဖို့လိုတယ်။ ဒါတွေကို ကျွန်တော်တို့က ဖြည့်စွက်ပြီးတော့ တင်ပြချင်ပါ တယ်။
ဒေါ်ခိုင်ခိုင်နွယ် ။ ။ လုပ်ငန်းစဉ်က ရှိနေရမယ်။ ပြီးတော့ လုပ်ငန်းစဉ်ကလည်း တိုးတက်မှု ရှိနေရမယ်။ ဘယ်တော့မှ ရပ်သွားလို့မရဘူး။ IFC နဲ့လည်း အကြိမ်ကြိမ် ဆွေးနွေးဖြစ်ခဲ့ပါ တယ်။ ဒီဟာက မာရသွန်ပြေးသလိုပဲ တာတိုက အလွန်ကြီး ပြေးတဲ့အခါမှာ ရောက်တော့ရောက် သွားတယ်။ မာရသွန်ကတော့ စပြေးရင်အလွန်ကြီး ပြေးလို့မရဘူး။ ဖြည်းဖြည်း လေးပြေးလို့ အရှိန်ရ လာမှ ပန်းဝင်မယ့်နေရာကို ရောက်သွားရင် ဒါဟာ ကြီးမားတဲ့အောင်မြင်မှု ရသွားတာဖြစ်ပါတယ်။ ဒါကမဆုတ်မနစ် လုပ်နေရမယ်။ တစိုက်မတ်မတ်နဲ့ တိုးတက်အောင် အမြဲလုပ်နေရမယ့် အပိုင်းတွေ ဖြစ်ပါတယ်။
ဒေါ်သီတာမြင့် ။ ။ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမယ်။ပြုပြင်ပြောင်းလဲမှုတွေလုပ်မှပဲ နိုင်ငံတကာကိုယှဉ်နိုင်မယ်ဆိုပြီး ပြောင်းလဲ တဲ့အချိန်မှာ ကျွန်မတို့က အများကြီးလုပ်ရတယ်။ ပြောင်းလဲမှုလုပ်ပြီးတဲ့အခါ ပြောင်းလဲမှုတွေ အကုန်လုံး ပြည်သူကို ပြန်ချပြမယ်ဆိုရင်လည်း အများ ကြီးပဲ Procedure လုပ်ရပါတယ်။ အဲဒီအချိန်မှာ ပြောင်းလဲသွားတဲ့ ပြုပြင်ပြောင်းလဲမှုတွေရဲ့ Procedure တွေကိုပြောပြပါမယ်။ လုပ်ငန်းရှင် ကြီးတွေကို ဖိတ်ပါတယ်ဆိုပြီး အလုပ်ရုံဆွေး နွေးပွဲတွေလုပ်ပါတယ်။ လုပ်ငန်းရှင်တော်တော် များများက မလာဘဲ ရှိတဲ့သူကို လွှတ်လိုက်တယ်။ နောက်ထပ် ဒါနဲ့ပတ် သက်တဲ့ လုပ်ငန်းစဉ်တစ်ခုကို ရှင်းပြပါမယ်ဆိုပြီးခေါ်တဲ့အခါ နောက်တစ်ယောက် လွှတ်လိုက်တယ်။ ဒီနှစ်ယောက် ကလည်း မတူဘူး။ လုပ်ငန်းရှင်တွေအကုန်လုံးကို ပြောပေးပါ။ ကျွန်မ တို့ရဲ့ ပြောင်းလဲမှုတွေအကုန်လုံးကို လိုက်ပါပြီး၊ နားလည်ပြီး ဆောင်ရွက်ပေးကြပါလို့ ပြောချင်ပါ တယ်။ ကျွန်မတို့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကလည်း ပင်ပန်းပါတယ်။ ပင်ပန်းသော်လည်း နိုင်ငံတော် တိုးတက်ဖို့အတွက် အများကြီးကြိုးစားဆောင်ရွက် နေပါတယ်။
▲▲ကြာတဲ့အချိန်အကဲဖြတ်တဲ့အထဲမှာ ပါ▲▲
နောက်တစ်ခုက အချိန်ဖြစ်ပါတယ်။Ease of Doing Business မှာ အချိန် ဘယ်လောက် ကြာလဲဆိုတာ လုပ်ငန်းဆောင် ရွက်မှုအားလုံးကို တိုင်းပါတယ်။ အဲဒီမှာ လုပ်ငန်းရှင်တွေက အကျိုး ဆောင်တွေ၊ ပွဲစားတွေကို ပေးထားလိုက်တယ်။ အကျိုးဆောင် ပွဲစားတွေကလည်း ယူထားလိုက် တယ်။ နောက်ထပ် ဘယ်နှယောက်လာပြီးတော့ အလုပ်အပ်သလဲ။ အပ်တဲ့အပေါ်မှာမူတည်ပြီး အဆင်ပြေရင်ပြေသလို သုံးရက်၊ ငါးရက် ကြာရင် ကြာမယ်။ တခြားတစ်ခုနဲ့တွဲပြီးတော့ ဌာနတစ်ခုကို သွားချင်သွားမယ်။ အဲဒီလို ဆိုရင် အချိန်တွေ ပိုကြာသွားတယ်။ ပိုကြာသွားတဲ့အချိန်တွေအားလုံး က အကဲဖြတ်တဲ့ အထဲမှာပါသွားတယ်။ အကျိုး ဆောင်တွေ၊ ပွဲစားတွေနဲ့လည်း လွှတ်မထားဖို့ ပြောချင်ပါတယ်။ ကမ္ဘာ့ဘဏ်က မေးတဲ့မေးခွန်း ဖြေတဲ့အခါမှာ သုံးရက်မသွားလိုက်လို့ကြာတာကို ထည့်မပြောတော့ဘဲ အားလုံးကြာတဲ့ရက်က ငါးရက်ဆိုပြီး ပြောလိုက်တယ်။ တကယ်ကြာတဲ့ ရက်က တစ်မျိုးဖြစ်ပါလိမ့်မယ်လို့ ပြောချင်ပါတယ်။
ဒေါ်ခိုင်ခိုင်နွယ် ။ ။ ဆရာမဆွေးနွေးတာ မမှား ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ လုပ်ငန်းရှင်တွေက ကာလများစွာ အစည်း အဝေးတွေတက်ခဲ့တဲ့အခါ ယုံကြည်မှုကင်းတဲ့ အပိုင်းတွေရှိခဲ့ပါတယ်။ ဒါကြောင့် နောက်ပိုင်း ကာလတစ်ခုမှာ အစည်း အဝေးတွေကို လုပ်ငန်းရှင် တွေက မလာကြတော့ဘူး။ အချိန်လာမပေးတော့ ဘူး။ အလေ့အကျင့်တစ်ခုလို ဖြစ်နေခဲ့ကြတာ ဖြစ်ပါ တယ်။ သို့သော်လည်း ဒီဘက်နောက်ပိုင်း လပေါင်း များစွာမှာ လုပ်ငန်းရှင်တွေက အစည်းအဝေးတက် လာကြပါပြီ။ ယုံကြည်မှုတစ်ခု ပြန်တည်ဆောက် တဲ့အခါမှာ ရလာကြပြီလို့ ပြောချင်ပါတယ်။ အခု ပြန်လာကြပါပြီ။ အစိုးရဝန်ကြီး ဌာနများနဲ့ ပုဂ္ဂလိက ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုရဲ့ရလဒ်ကို လုပ်ငန်း ရှင်တွေက များများတွေ့ လာတဲ့အခါမှာ အစည်း အဝေးတွေခေါ်ပါလို့ ပြောကြမယ့်အချိန်ကို မကြာမီ ရောက်လာပါလိမ့်မယ်။
ဒေါ်သီတာမြင့် ။ ။ Ease of Doing Business Ranking တက်ဖို့ဆိုတာက အစိုးရပဲ ပြောင်းလဲလို့မရပါဘူး။ ပုဂ္ဂလိကကဏ္ဍ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ပူးပေါင်း ဆောင်ရွက်ပြီးတော့ မြန်မာနိုင်ငံရဲ့ပုံရိပ် ကမ္ဘာပေါ် မှာ အဆင့်ဘယ်လောက် ရနေတယ်ဆိုတာကို မြင်စေချင်ပါတယ်။ ဒီလိုမှ စီးပွားရေးရင်းနှီးမြှုပ်နှံ မှုတွေရော၊ ကိုယ့်ဆီကလုပ်တဲ့ လုပ်ငန်းတွေရော အောင်မြင်လာမှာဖြစ်တဲ့အတွက် ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။
ဦးအောင်နိုင်ဦး ။ ။ ကျွန်တော်တို့ဌာနက ရင်းနှီးမြှုပ်နှံမှု ဥပဒေဆွဲတယ်။ကုမ္ပဏီဥပဒေ၊ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေတွေ ဆွဲတယ်။ ဆွဲတဲ့လုပ်ငန်းစဉ်တစ်ခုလုံးမှာ ပုဂ္ဂလိကကဏ္ဍကို အမြဲဖိတ်တယ်။ ဆွဲတဲ့အထဲမှာ UMFCCI က ကိုယ်စားလှယ် တစ်ယောက် ထည့်တယ်။ အစိုးရကဆွဲတဲ့ဥပဒေကို တကယ်သုံး မှာက ပုဂ္ဂလိကကဏ္ဍကသုံးမှာ ဖြစ်ပါတယ်။ ပုဂ္ဂလိက နဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်မှုက တော်တော်လေး နီးကပ်ဖို့လိုတယ်။ ဥပဒေဆွဲတဲ့ လုပ်ငန်းစဉ်တိုင်း မှာ မူကြမ်းဆွဲပြီးရင် ပုဂ္ဂလိကကိုချပြတယ်။ သူတို့ အကြံပြုချက်ရှိရင် ပြန်ပြင်တယ်။ ပြင်ပြီးတော့မှ လွှတ်တော်ကို ပို့တာဖြစ်ပါတယ်။ ဒါလေး တွေက ရှေ့လျှောက်လည်း အရေးကြီးပါတယ်။
ပုဂ္ဂလိကကဏ္ဍကို ထပ်ပြီးတော့ အကြံပေးချင် တာက ဝန်ကြီးဌာနတွေက သတင်းအချက်အလက် တွေကို ပုဂ္ဂလိကကဏ္ဍ ရောက်အောင် ဖြန့်ဝေတဲ့အခါ ကျွန်တော့်ဌာနမှာဆိုရင် Website မှာ နေ့စဉ် သတင်းအချက်အလက်တင်တယ်။Facebook ကနေ ပြည်သူကို မျှဝေတယ်။ Website မှာ တင်ထားတဲ့ အရေးကြီးသတင်းတစ်ခုကို လူတွေ မသိ သိအောင် သတင်းစာထဲမှာ ထည့်ပြီးတော့ ကြေညာပေးတယ်။ Communication ကောင်း ဖို့အတွက် သတင်းအချက်အလက် ကောင်းတာ တွေရှိတယ်၊ virtual ကောင်းတာတွေ အများကြီး လုပ်ထားတယ်။ Viber ကမေးလည်း ဖြေပေးတယ်။ Messenger က တစ်ဆင့် မေးလည်းဖြေပေးတယ်။ ဖြေပေးတဲ့ ဝန်ထမ်းတွေရှိတယ်။ Website က မေးလည်းဖြေပေးတယ်။ Private Sector အနေနဲ့ သိချင်တာတွေ များများမေးမြန်းပေးပါ။ Doing Business က အဓိက Private Sector အတွက်ကို ရည်ရွယ်တာ ဖြစ်ပါတယ်။ အစိုးရက Private ကို၊ Public က Private ကို Communicate လုပ်သလို Private ကလည်း Public ကို လာပြီးထိတွေ့ပါ။ မေးပါ။ ဆက်သွယ် ပါ။ Private Sectorရဲ့ လိုလားချက်ကိုလည်း သိမယ်။ Doing Business ပိုကောင်း အောင်လုပ်တဲ့အချိန်မှာ ပိုပြီးတော့ ထိရောက်မယ်။ အစိုးရတစ်ဖက်တည်း လုပ်နေတာနဲ့ စာရင် Private ကလည်း မိမိသိချင်တာနဲ့ မိမိလိုလားတာလေးတွေကို ပြန်မေးလို့ရှိရင် အဆင်ပြေ နိုင်ပါတယ်လို့ အကြံပြု ချင်ပါတယ်။
ကျော်သူထက်၊ မျိုးသူဟိန်း
ဓာတ်ပုံ-အေးသန်း
(ဆက်လက်ဖော်ပြပါမည်)
No comments:
Post a Comment