နေပြည်တော် နိုဝင်ဘာ ၂၉
ထိုင်းနိုင်ငံ အမျိုးသားနေ့အကြို အထိမ်းအမှတ်
အခမ်းအနားကို ယနေ့ည ၇ နာရီတွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပသည်။ ရှေးဦးစွာ
မြန်မာ - ထိုင်း နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများ ဂုဏ်ပြုဖွင့်လှစ်အလေးပြု ကြသည်။
ထို့နောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံး သံရုံးယာယီတာဝန်ခံ
Mr. Narong Boonsatheanwong တို့က ထိုင်းနိုင်ငံအမျိုးသားနေ့အကြို အထိမ်းအမှတ် ဂုဏ်ပြုအမှာစကား
ပြောကြားကြသည်။
ယင်းနောက် ထိုင်းနိုင်ငံအမျိုးသားနေ့
အကြိုအထိမ်းအမှတ် တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။ ညစာသုံးဆောင်နေစဉ်အတွင်း
ထိုင်းရိုးရာယဉ်ကျေးမှု အကများဖြင့် ဖျော်ဖြေတင်ဆက်သည်။
ထိုင်းနိုင်ငံ အမျိုးသားနေ့အကြို အထိမ်းအမှတ်
အခမ်းအနားသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာဖေမြင့်နှင့် နိုင်သက်လွင်နှင့် ၎င်းတို့၏ဇနီးများ၊ အမှတ်(၂) စစ်ဆင်ရေး အထူးအဖွဲ့မှူး
ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ အမှတ် (၄) စစ်ဆင်ရေး အထူးအဖွဲမှူးဒုတိယဗိုလ်ချုပ်ကြီး
အောင်စိုး၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်မြင့်မော်၊ ဒုတိယဝန်ကြီးများ
ဖြစ်ကြသည့် ဦးအောင်လှထွန်းနှင့် ဒေါက်တာထွန်းနိုင်နှင့် ၎င်းတို့၏ဇနီးများ၊ တပ်မတော် အရာရှိကြီးများ၊
အမြဲတမ်း အတွင်းဝန်များ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံး သံရုံးယာယီတာဝန်ခံ
Mr. Narong Boonsatheanwong၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ စစ်သံမှူးများနှင့်
၎င်းတို့၏ဇနီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment