Wednesday, November 28, 2018

မြန်မာ့ကုန်သွယ်စီးပွားပွဲတော် (၂ဝ၁၈)တွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ အသိပညာပေးပြခန်းပြသမည်



ရန်ကုန် နိုဝင်ဘာ ၂၇

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း အမှတ်(၃၇) အင်းလျားလိတ် ဟိုတယ် ဝင်းရှိYangon Convention Centre ၌ မြန်မာနိုင်ငံ စာရင်းကောင်စီက ဦးဆောင်၍ မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့ စာရင်းကိုင်များ အသင်းနှင့် ဝါဏိဇ္ဇဘွဲ့ရများအသင်း (မြန်မာနိုင်ငံ)တို့ ပူးပေါင်းကျင်းပသော မြန်မာ့ကုန်သွယ်စီးပွားပွဲတော် (၂ဝ၁၈)ပြပွဲကို ဒီဇင်ဘာ ၁ ရက်နှင့် ၂ ရက် (စနေ နေ့နှင့် တနင်္ဂနွေနေ့) များတွင် နံနက် ၉ နာရီမှစ၍ ကျင်းပမည်ဖြစ်သည်။


အဆိုပါ ပွဲတော်ကျင်းပမည့်နေ့ရက်များတွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ အများ ပြည်သူလေ့လာကြည့်ရှုနိုင်ရန် အတွက် အသိပညာပေး ပြခန်း(၁)ခန်း ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment