မော်လမြိုင်
နိုဝင်ဘာ ၂၆
၂ဝ၁၈ ခုနှစ် နိုဝင်ဘာ ၂၅ ရက်တွင် ကျရောက်သည့်
အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့် ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို
ယမန်နေ့က မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မွန်ပြည်နယ် လူမှု ရေးဝန်ကြီး
ဒေါက်တာထိန်လင်း က ယနေ့ ကမ္ဘာတစ်ဝန်းတွင် အမျိုးသမီးများအပေါ် အကြမ်းဖက် မှုများရှိနေကြောင်း၊
အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းသည် လူသားမဆန်သော အပြုအမူများဖြစ်ပြီး မည်သည့် ရှုထောင့်မှ
လက်ခံနိုင်ဖွယ်ရာမရှိသော လုပ်ရပ်များ ဖြစ်ပါကြောင်း၊ ယခုအချိန် တွင်Genderနှင့်
Gender အခြေခံသော အကြမ်းဖက် မှု အသိပညာပေးစီမံချက် များ ဆောင်ရွက်သွားရန်နှင့်
Millennium Development Goal တွင် ဖော်ပြထား သကဲ့သို့ Gender Equality ကျား၊ မ တန်းတူ
အခွင့်အရေးရရှိမှု လိုအပ်ချက်သည် များစွာအရေးကြီးသော အချက် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ Care Myanmar ဒေသဆိုင်ရာညှိနှိုင်းရေးမှူး
ဦးရဲလင်းထွဋ် က ၁၆ ရက်တာကာလအတွင်း လူထု လှုပ်ရှားမှု လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များကို
ရှင်းလင်းတင်ပြပြီး အပြည် ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးနေ့
အထိမ်း အမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲ တွင် ဆုရရှိသော ကျောင်းသား ကျောင်းသူများကို
မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦး၊ လူမှုရေး ဝန်ကြီး ဒေါက်တာ ထိန်လင်း၊
ပြည်နယ် ဥပဒေချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြု ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် Myanmar’s Got Talent
Session (1) မှ Winner ဝေယံနိုင်က မျက်လှည့်ပညာများဖြင့် ဖျော်ဖြေပြီး Rainbow
Star အရပ်ဘက်လူမှုအဖွဲ့အစည်းက တေးသရုပ်ဖော် နှင့် Art for All အဖွဲ့က ကျား၊ မ အကြမ်းဖက်မှု
အသိပညာပေး ပြဇာတ် တို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
No comments:
Post a Comment