ရန်ကုန် နိုဝင်ဘာ ၂၉
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး
ဦးစီးဌာနနှင့် ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၊ စီမံ ခန့်ခွဲရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသော
''ဇာတ်ညွှန်းနှင့် စိန်ခေါ်မှုများ (၁)'' ခေါင်းစဉ်ဖြင့် ဇာတ်ညွှန်းအခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး
ဆွေးနွေးပွဲကို ဒီဇင်ဘာ ၁ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်
အမှတ်(၅ဝ) ရွှေတောင် ကြားလမ်း ရုပ်ရှင်အနုပညာရပ်ဝန်းရှိ ''ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်ရေးစင်တာ''
(Film Development Centre) ၌ ကျင်းပမည် ဖြစ်သည်။
အဆိုပါဆွေးနွေးပွဲတွင် ဒါရိုက်တာ ဏကြီး၊ ဒါရိုက်တာ ဇော်ဇော်
Ad. leono နှင့် ဇာတ်ညွှန်း Lမင်းပြည့်မွန် တို့က ပါဝင်ဆွေးနွေးကြ မည်ဖြစ်ပြီး မြန်မာ့ရုပ်ရှင်
လောကတွင် ဇာတ်ညွှန်း အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပ ခြင်းဖြစ်ကြောင်း
နှင့် စိတ်ပါဝင် စားသူများ တက်ရောက်လေ့လာနိုင်ကြောင်း သိရှိ ရသည်။
သတင်းစဉ်
No comments:
Post a Comment