Wednesday, November 28, 2018

အကြိမ် (၃ဝ)မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် အားကစားနည်း ၅၆ မျိုးထည့်သွင်း ကျင်းပရန် ဖိလစ်ပိုင်အိုလံပစ်ကော်မတီ အတည်ပြု



ရန်ကုန် နိုဝင်ဘာ ၂၇

ဖိလစ်ပိုင်အိုလံပစ်ကော်မတီသည် နိုဝင်ဘာ ၂၄ ရက်က ပြုလုပ်သည့် ဆီးဂိမ်းကောင် စီအစည်းအဝေးတွင် ၂ဝ၁၉ ခုနှစ် အကြိမ် (၃ဝ) မြောက် ဆီးဂိမ်းပြိုင်ပွဲ၌ ထည့်သွင်း ကျင်းပမည့် အားကစားနည်း များအား အတည်ပြုထုတ်ပြန် ခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ အနေဖြင့် ဆီးဂိမ်းပြိုင်ပွဲကို အိမ်ရှင်အဖြစ် လေးကြိမ်မြောက် ကျင်းပမည်ဖြစ်ပြီး လာမည့်နှစ် အကြိမ် (၃ဝ) မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် အားကစား နည်း ၅၆ မျိုး ထည့်သွင်းထားသည်။


ဆီးဂိမ်းကောင်စီအစည်းအဝေးတွင် အရှေ့တောင် အာရှနိုင်ငံ ၁၁ နိုင်ငံမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံသည် ဆီးဂိမ်းပြိုင်ပွဲကို ၂ဝ၁၉ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်မှ ဒီဇင်ဘာ ၁ဝ ရက် အထိ မြို့ကြီး လေးမြို့၌ ကျင်းပရန် စီစဉ်ထားသည်။ ဖိလစ်ပိုင် အိုလံပစ်ကော်မတီသည် အားကစားနည်း ၅၆ မျိုးမှ ပြိုင်ပွဲအမျိုးအစား ၅၂၉ မျိုး ထည့်သွင်းထားပြီး ဒီဇင်ဘာလလယ်တွင် ပြုလုပ်မည့် နည်းစနစ်ဆိုင်ရာ အစည်းအဝေးတွင် အတည်ပြုမည်ဖြစ်သည်။

၂ဝ၁၉ ဆီးဂိမ်းပြိုင်ပွဲတွင် ပုံမှန်ထည့်သွင်းကျင်းပနေသည့် အားကစား နည်းများ၊ အားကစားနည်းသစ်များ၊ ပရိသတ် နှင့် ရင်းနှီး ကျွမ်းဝင်ခြင်း မရှိသည့် အားကစားနည်းများ ပါဝင်လာသည်။ ဖိလစ်ပိုင်နိုင်ငံ သည် ဆီးဂိမ်းပြိုင်ပွဲ တစ်လျှောက် အားကစားနည်း အများဆုံး ပါဝင်မည်ဖြစ်ပြီး ၂ဝ၁၁ အင်ဒိုနီးရှားဆီးဂိမ်းတွင် ထည့်သွင်း ကျင်းပသည့် အားကစားနည်း ၄၄ မျိုးထက် ၁၂ မျိုးပိုများကာ အများဆုံး ဖြစ်လာခဲ့သည်။ ဖိလစ်ပိုင်
အိုလံပစ်ကော် မတီက အတည်ပြုလိုက်သည့် အားကစားနည်းများ တွင် မြန်မာ အားကစားအဖွဲ့ အားသာသည့် လှေလှော် အားကစားနည်း ပါဝင်လာပြီး ပြိုင်ပွဲဝင်မည့်အားကစားနည်းများကို ပြန်လည်ရွေးချယ်မည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် အားကစားနည်းအများစုတွင် ဝင်ရောက်ယှဉ်ပြိုင်ဖွယ်ရှိပြီး မြန်မာနိုင်ငံနှင့် ရင်းနှီးကျွမ်းဝင်ခြင်းမရှိသည့် အားကစား နည်းများတွင် ဝင်ရောက် ယှဉ်ပြိုင်မည်မဟုတ်ပေ။ မြန်မာအား ကစားအဖွဲ့သည် မလေးရှားနိုင်ငံ၌ ကျင်းပသည့် (၂၉) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေခုနစ်ခု၊ ငွေ ၁ဝ ခု၊ ကြေး ၂ဝ ခု ရခဲ့သောေ ကြာင့် လာမည့် ပြိုင်ပွဲတွင် ရွှေတံဆိပ်အရေအတွက် ပိုမိုရရှိ ရန် ကြိုးပမ်း ရမည်ဖြစ် သည်။

ယင်းပြိုင်ပွဲတွင် ဘောလုံး၊ ဂေါက်သီး၊ ကျွမ်းဘား၊ ရုံတွင်းဟော်ကီ၊ ရေခဲပြင်ဟော်ကီ၊ ပြေးခုန်ပစ်၊ ရေကူး၊ မြားပစ်၊ Arnis၊ ကြက်တောင်၊ ဘေ့စ်ဘော/Softball၊ ဘတ်စကက်ဘော၊ ဘိလိယက်၊ ဘိုးလင်း၊ Handball၊ Netball၊ ၊ လက်ဝှေ့၊ ကနူး/ကယက်/ရိုးရာလှေ၊ စစ်တုရင်၊ စက်ဘီး၊Dance Sport၊ ဓားရေး၊ ရေခဲပြင် စကိတ်၊ ဂျူဒို၊ ကရာတေး၊ မွေလက်ဝှေ့၊ Modern Pentathlon၊ ပန်ကြပ်ဆီလတ်၊ ပိုလို၊ အပြည်ပြည်ဆိုင်ရာလှေ၊ ရပ်ဘီ၊ ရွက်လှေ/Windsurfing၊ ပိုက်ကျော်ခြင်း၊ ခြင်းလုံး၊ သေနတ်ပစ်၊Skateboarding၊ စားပွဲတင် တင်းနစ်၊Soft Tennis၊Squash၊ တိုက်ကွမ်ဒို၊ Surfing၊ တင်းနစ်၊ သုံးမျိုးစုံ၊ ဘော်လီဘော၊ နပန်း၊ အလေးမ၊ ဝူရှူး၊ E-Sports၊ Floorball၊ ဂျူဂျစ်ဆု၊ ကစ်ဘောင်ဆင်၊ Kurash၊ Lawn Bowls/ ပီတန်း၊ Obstacle Course၊ Sambo/ ဗိုဗီနမ်၊ Underwater Hockey နှင့် Wakeboarding တို့ ထည့်သွင်းကျင်းပမည်ဖြစ်သည်။

သတင်း-ရှိုင်းထက်ဇော်

ဓာတ်ပုံ-စိုးညွန့်

No comments:

Post a Comment