နေပြည်တော် နိုဝင်ဘာ ၂၉
တင်ဒါခေါ်ယူဆောင်ရွက်ခြင်းဆိုင်ရာ
(၁/၂ဝ၁၇) အချက် အလက် စည်းမျဉ်းစည်းကမ်း များ ဆွေးနွေးရှင်းလင်းခြင်း အစည်း အဝေးကို
နိုဝင်ဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန
အစည်းအဝေးခန်းမဆောင်၌ ကျင်းပ သည်။
ညှိနှိုင်းဆွေးနွေး
အခမ်းအနားတွင်
ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ယနေ့ ကျင်းပသော အစည်းအဝေးသည် နိုင်ငံတော်သမ္မတရုံး
ညွှန်ကြားချက်အမှတ်၊ ၁/၂ဝ၁၇ ကို တိုင်းဒေသကြီး၊ ပြည်နယ်များ၌ လိုက်နာကျင့်သုံး
ဆောင်ရွက်ကြရာတွင် တွေ့ကြုံ ရသည့် အခက်အခဲများ ၊ မရှင်းလင်းသည့် အချက်များကို
ညှိနှိုင်းဆွေးနွေး ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တစ်ပြေးညီတည်း
လိုက်နာကျင့်သုံး ဆောင်ရွက်နိုင် ကြရန် ရည်ရွယ်၍ ယနေ့ ဆွေးနွေးပွဲကို
ကျင်းပရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားချက် အမှတ်၊ ၁/၂ဝ၁၇
တင်ဒါလုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်ပြီး တိုင်းဒေသကြီး၊
ပြည်နယ်အစိုးရအဖွဲ့များက ပေးပို့ မေးမြန်းလာသည့် အချက်များကို
ရှင်းလင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း။
အဂတိလိုက်စားမှု
တိုက်ဖျက်ရေးကော်မရှင်ကလည်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်အမှတ်၊ ၁/၂ဝ၁၇ တင်ဒါ
လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များပါဝင်သည့်
''အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေး အတွက် အသိပေးတင်ပြချက်'' ကို
အသိပေးထုတ်ပြန်ထားပြီး ဖြစ်ကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့်
ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ၏ အစိုးရပစ္စည်းဝယ်ယူမှုစနစ် ကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်
ကိုက်ညီမှုရှိစေရေးနှင့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ အစိုးရပစ္စည်း
ဝယ်ယူမှု လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် ပွင့်လင်း မြင်သာမှုရှိစွာနှင့်
ထိရောက်စွာ အကျိုးရှိစွာဖြင့် တစ်ပြေးညီ ဆောင်ရွက်နိုင်စေရေးအတွက် ''အစိုးရ၏ ဝယ်ယူရေးနှင့်
ပိုင်ဆိုငညပစ္စည်းများ ထုခွဲရောင်းချရေးဆိုင်ရာ ဥပဒေ (မူကြမ်း)'' အား အပြီးသတ်
ပြင်ဆင်ရေးဆွဲခဲ့ကြပြီး အတည်ပြုပြဋ္ဌာန်းနိုင်စေရေး အတွက်
ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဝန်ကြီးများ၏
တည်ဆောက်ရေး လုပ်ငန်းအများစုကို တိုင်းဒေသကြီး၊ ပြည်နယ်များ၌ အိတ်ဖွင့် တင်ဒါ
ခေါ်ယူဆောင်ရွက်ရာတွင် တင်ဒါစာရွက်စာတမ်းများ ပြည့်စုံစွာပါရှိရန် လိုကြောင်း။
အလေးထားဆောင်ရွက်
တည်ဆောက်ရေး
လုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အတွင်း သတ်မှတ်စံ ချိန်စံ ညွှန်းနှင့်အညီ
အရည်အသွေးပြည့်မီစွာ ပြီးစီး ရေးအတွက် တင်ဒါလုပ်ငန်းစဉ်များကို အချိန်ဇယားများ
ရေးဆွဲပြီး အလေးထားဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် ယနေ့ အစည်းအဝေးတွင်
နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက် အမှတ်၊ ၁/၂ဝ၁၇ နှင့် ဆက်စပ်ပြီး
လိုက်နာလုပ်ဆောင်ရမည့် စည်းမျဉ်းစည်းကမ်းနှင့် ပတ်သက်သည့် (SOP) များကို ရေးဆွဲ
နိုင်ရန် ညှိနှိုင်းဆုံးဖြတ်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး
ဦးကျော်လင်းက နိုင်ငံတော် သမ္မတရုံး၏ တင်ဒါလုပ် ထုံးလုပ်နည်း ညွှန်ကြားချက် အမှတ်
(၁/၂ဝ၁၇) နှင့် ပတ်သက်၍ လည်းကောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်
ဒေါ်လဲ့လဲ့သွင်၊ ပြည်ထောင်စု လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်တို့မှ
ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ ၊
လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံး၊
ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ
ကိုယ်စားလှယ်များက အသီးသီး ဆွေးနွေးကြသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment