Wednesday, November 28, 2018

မြန်မာအမျိုးသားလေကြောင်းလိုင်းပိုင် လေ့ကျင့်ရေး လေယာဉ် မော်လမြိုင် လေယာဉ်ကွင်းအဆင်းတွင် ရှေ့ဘီးကျိုးကျမှုဖြစ်ပွား



မော်လမြိုင် နိုဝင်ဘာ ၂၇

မွန်ပြည်နယ် မော်လမြိုင်မြို့ လေယာဉ်ကွင်းတွင် ယနေ့ နံနက် ပိုင်းက ဆင်းသက်ခဲ့သော မြန်မာအမျိုးသား လေကြောင်း လိုင်းပိုင် XY AMB လေ့ကျင့်ရေး လေယာဉ်သည် လေယာဉ်ကွင်း အဆင်း၌ ရှေ့ဘီးကျိုးပြီး ပန်ကာ ကွေးကောက်သွားကြောင်း မော်လမြိုင် လေဆိပ်တာဝန်ရှိသူထံမှ သိရသည်။


လေယာဉ်က ဘီးချော်တာမဟုတ်ဘူး၊ အဆင်းမှာ ရှေ့ဘီး ကျိုးပြီး ပြေးလမ်းကနေ ဘေးကို ထိုးကျသွားတာပါ။ ဒီလေယာဉ် က XY AMB လေ့ကျင့်ရေးလေ ယာဉ်ဖြစ်ပြီး လေယာဉ်ပေါ်မှာ လေယာဉ်မှူး ငါးဦး၊ လေယာဉ်မယ် လေးဦး လိုက်ပါ လာတယ်။ ဘယ်သူမှ ထိခိုက်ဒဏ်ရာမရကြဘူး။ ဒီလိုဖြစ်တာကတော့ မော်လမြိုင်မှာ ပထမဆုံးအကြိမ်ပါပဲ "ဟု မော်လမြိုင် လေဆိပ်မန်နေဂျာ ဦးလှဦးက ပြောသည်။

အဆိုပါ XY AMB လေ့ကျင့်ရေးလေယာဉ်သည် ရန်ကုန်မြို့မှ နံနက် ၈ နာရီ ၄၇ မိနစ်က စတင်ထွက်ခွာလာပြီး ၉ နာရီ ၂၈ မိနစ် တွင် မော်လမြိုင်လေဆိပ်သို့ ရောက်ရှိဆင်းသက်ရာမှ ယင်းကဲ့သို့ ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)

No comments:

Post a Comment