Wednesday, November 28, 2018

ရန်ကုန်မြို့ပတ်ရထား အဆင့်မြှင့်တင်မှုနှင့်အတူ




ရန်ကုန်မြို့ ဟာ လူဦးရေထူထပ်များပြား လာတာနဲ့အမျှ နေ့စဉ် လှုပ်ရှားသွားလာမှုတွေက လည်း ပိုမိုများပြားလာပါတယ်။ ခရီးသည်တင် ဘတ်စ် ကားတွေ၊ မြို့ပတ်ရထားတွေ၊ ခရီးသည် ပို့ဆောင်ရေး ရေယာဉ် တွေနဲ့ နေ့စဉ်ပြေးဆွဲပေးနေရပါတယ်။ ဘတ်စ်ကား ခရီးသည် တွေအတွက် YBS ယာဉ်အသစ်တွေနဲ့ လေအေးစက်တွေဖွင့်ပြီး အဆင့်မြှင့်တင် ဝန်ဆောင်မှုပေးထားသလို ရန်ကုန်မြို့ပတ်ရထား ပြေးဆွဲမှုကိုလည်း အရင်ကထက် ပိုမိုကောင်းမွန်တဲ့ အဆင့် မြှင့်တင်မှုတွေ ပြုလုပ်ပြီး ဝန်ဆောင်မှုပေးနိုင်ဖို့ ကြိုးစားနေပါ တယ်။


''ရန်ကုန်မြို့ပတ်ရထားပြေးဆွဲမှု အဆင့်မြှင့်တင်ရေးအတွက် ဆောင်ရွက်နေပြီး ၂ဝ၂၃ ခုနှစ်မှာ စီမံကိန်းလုပ်ငန်းတစ်ခုလုံး ပြီးနိုင်မှာဖြစ်ပါတယ်'' ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက နိုဝင်ဘာ ၂ဝ ရက်က ပြည်သူ့လွှတ်တော်မှာ ပြောကြားထားပါတယ်။

ရန်ကုန်မြို့နေပြည်သူတွေဟာ ယာဉ်ကြောပိတ်ဆို့ ကျပ်တည်း မှုကြောင့် အချိန်နှောင့်နှေး ကြန့်ကြာမှုတွေကို ရှောင်ရှားတဲ့အနေနဲ့ မြို့ပတ်ရထားစီးနင်းမှုကို အရင်ကထက် ပိုမိုအားကိုးစီးနင်း လာကြပါတယ်။ ငွေကြေးကုန်ကျမှု သက်သာ ခြင်း၊ အချိန်ကုန် သက်သာခြင်း၊ ခရီးသည်တွေ သက်သောင့် သက်သာစွာနဲ့ စီးနင်း လိုက်ပါနိုင်ခြင်းကြောင့် ရန်ကုန်မြို့ပတ် ရထားက အခုဆိုရင် နေ့စဉ် ခရီးသည် ၈ဝဝဝဝ ခန့် လိုက်ပါစီးနင်း နေကြပါတယ်။

ဒါကြောင့် ရန်ကုန်မြို့ပတ် ရထားပြေးဆွဲမှုကို ပိုမိုကောင်းမွန် ပြီး အဆင့်မြှင့်ဖို့အတွက် စီမံကိန်းချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါ အဓိက လုပ်ငန်းသုံးရပ်ပါဝင်ပြီး အဲဒါတွေကတော့ မြို့ပတ်ရထားလမ်း တွေမှာ အချက်ပြနဲ့ ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေ အဆင့်မြှင့် တင်ခြင်း ဆောင်ရွက်တာ၊ ဒီဇယ်လျှပ်စစ်ရထား တွဲဆိုင်းအသစ် ၁၁ ဆိုင်း၊ ရထားတွဲ ၆၆ တွဲ ဝယ်ယူခြင်းလုပ်ငန်းကို ဂျပန်ချေးငွေနဲ့ ဆောင်ရွက်တာ၊ မြို့ပြအင်ဂျင်နီယာပိုင်းဆိုင်ရာ လုပ်ငန်းတွေဖြစ်တဲ့ ရထားလမ်း၊ တာပေါင်၊ ဘူတာတွေ၊ ပလက် ဖောင်းတွေ၊ ရေမြောင်းတွေ၊ ကားလမ်းကူးတွေ၊ တံတားတွေ၊ လူကူးခုံးကျော် တံတားတွေ၊ ဆက်သွယ်ရေးအဆောက်အအုံ ပြုပြင် တည်ဆောက်ခြင်း လုပ်ငန်းတွေကို နိုင်ငံတော်ဘတ်ဂျက်နဲ့ ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။

ရန်ကုန်မြို့ပတ် ရထားပြေးဆွဲမှု အဆင့် မြှင့်တင် ကောင်းမွန်နိုင်ရေး အတွက် ကတော့ ငွေကုန်ကျမှုရှိ ပေမယ့် ရန်ကုန်မြို့နေ ပြည်သူတွေ အတွက် နေ့စဉ်ခရီးသွားလာရေး အဆင်ပြေစေဖို့ မဖြစ် မနေ အကောင်အထည်ဖော်ဆောင်ရွက်ရမှာ ဖြစ်ပါ တယ်။ နိုင်ငံ တကာမြို့ကြီးတွေအပါအဝင် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေရဲ့ မြို့ကြီးတွေ မှာ မြို့ပတ်ရထားစီးနင်းသွားလာမှုကို အဓိကအားကိုးပြီး နေ့စဉ်သွားလာနေကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး မြို့တော် ရန်ကုန်မှာလည်း နေ့စဉ် ခရီးသွားပြည်သူတွေ အဓိက အားကိုးအားထားပြု စီးနင်းကြရ မယ့် မြို့ပတ်ရထား ပြေးဆွဲမှုဖြစ်ဖို့ကတော့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ပတ်ရထားပြေးဆွဲနေမှုမှာ အစားထိုးလဲလှယ်မှု၊ အသစ် ဝယ်ယူဖြည့်ဆည်းမှုတွေ ရှိနေပေမယ့် စက်ခေါင်းအများစု က သက်တမ်း လွန်နေပြီး ရထားဆွဲအားလည်း ကျဆင်းနေတဲ့ အနေအထားရှိနေတယ်လို့ ဆိုပါတယ်။ လူစီးတွဲတွေမှာလည်း ရထားတွဲသစ် ဝယ်ယူဖြည့်ဆည်းမှုတွေရှိပေမယ့် အချို့ရထားတွဲ တွေဟာ သက်တမ်းလွန်တာတွေ၊ ချွတ်ယွင်းမှုတွေရှိလာတာတွေ ရှိနေပါတယ်။ ဒါ့အပြင် မြို့ပတ်ရထားပြေးဆွဲမှုမှာ အချက်ပြစနစ် ချွတ်ယွင်းမှုတွေဟာ နှစ်သက်တမ်းကြာလာတာနဲ့အမျှ ချိတ်ဆက်မှု အားနည်းချက်တွေ ဖြစ်ပေါ်နေပြီး မြို့ပတ်ရထား ပြေးဆွဲမှု အချိန်မှန်မှုအပေါ်မှာလည်း ထိခိုက်မှုတွေ ဖြစ်ပေါ်လာ နေပါတယ်။

ဒီလိုအခြေအနေတွေကို အဆင့်မြှင့်တင်ဖို့ ကြိုးစားနေတာ ဖြစ်ပြီး မဖြစ်မနေ အကောင် အထည်ဖော်ရမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ပတ်ရထား ပြေးဆွဲမှုအဆင့်မြှင့်တင်မယ့် စီမံကိန်းအတွက် ဂျပန်အစိုးရက ODAချေးငွေဂျပန်ယန်း ၂၄ ဒသမ ၈၆၆ ဘီလီယံနဲ့ နိုင်ငံတော် ဘတ်ဂျက် မှ ငွေကျပ် ၅၄ ဒသမ ၅၁၄ ဘီလီယံကုန်ကျမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ရန်ကုန် မြို့ပတ်ရထားပြေးဆွဲမှု အဆင့်မြှင့် တင်စီမံကိန်းပြီးစီးရင်တော့ မြို့ပတ်ရထားတွေဟာ တစ်နာရီ ၃၄ မိုင်နှုန်း မောင်းနှင်နိုင်ပြီး ရန်ကုန်မြို့တစ်ပတ်ကို ရထားပြေးဆွဲမှု ၁ နာရီ ၄၅ မိနစ်သာ ကြာမြင့်တော့မှာဖြစ်သလို တစ်နေ့ကို မြို့ပတ်ရထားစီးခရီးသည် ၈၅ဝဝဝ ခန့် သက်သောင့်သက်သာစွာ အဆင့်မြင့်မြင့် စီးနင်း လိုက်ပါနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုအကောင်အထည်ဖော်လာနိုင်တဲ့ စီမံကိန်းဖြစ်တာမို့ ပြည်သူတွေအားကိုးအားထားပြုနေစဉ် စီးနင်း နိုင်တဲ့ ရန်ကုန်မြို့ပတ်ရထားခရီးစဉ်တွေအဖြစ် စောင့်မျှော်နေကြ တာတော့ အမှန်ပါပဲ။ ။

ရန်ကုန်မြို့ပတ်ရထားပြေးဆွဲမှုရဲ့ လက်ရှိအနေအထားကို ကြည့်ရင် ရန်ကုန်ဘူတာကြီးကို အခြေပြုပြေးဆွဲနေတာ ဖြစ်တဲ့ အတွက် ရထားသံလမ်းမိုင် စုစုပေါင်း ၅၉ မိုင်ရှိပြီး ကားလမ်း ကူးဂိတ် ၂၆ ဂိတ်ရှိကာ ရထားလမ်းကျော်တံတား အစင်း ၄၅ စင်းရှိနေတဲ့အပြင် မြို့ပတ်ဘူတာပေါင်း ၃၈ ဘူတာ ရှိနေပါတယ်။

ရန်ကုန်မြို့ပတ်ရထားပြေးဆွဲမှုကတော့ ရထားတွဲကြီး ၁၅ ဆိုင်း၊ RBE ၁ဝ ဆိုင်း စုစုပေါင်း ၂၅ ဆိုင်း ရှိနေပါတယ်။ အဲဒီ ရထား တွဲဆိုင်းတွေနဲ့ နေ့စဉ်နံနက် ၅ နာရီမှ ည ၁၁ နာရီအထိ တစ်နေ့ အခေါက်ရေ ၂၂၁ ကြိမ် ပုံမှန်ပြေးဆွဲနေပါတယ်။ အဲဒီ ရထားတွဲ ဆိုင်းတွေကို တစ်နာရီ မိုင် ၂ဝ နှုန်းနဲ့ မောင်းနှင်ပြေးဆွဲ နေတာမို့ ရန်ကုန်မြို့တစ်ပတ်ရထားပြေးဆွဲမှုဟာ အချိန် ၂ နာရီ မိနစ် ၅ဝ ကြာမြင့်ပြီး တစ်နေ့ကို မြို့ပတ်ရထားစီးခရီးသည် ၇၃ဝဝဝ ခန့် လိုက်ပါစီးနင်းနေပါတယ်။

လက်ရှိ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ရန်ကုန် မြို့ပတ်ရထားပြေးဆွဲမှု အဆင့်မြှင့်တင်စီမံကိန်းပြီးစီးရင်တော့ မြို့ပတ်ရထားတွေဟာ တစ်နာရီ ၃၄ မိုင်နှုန်း မောင်းနှင်နိုင်ပြီး ရန်ကုန်မြို့တစ်ပတ်ကို ရထားပြေးဆွဲမှု ၁ နာရီ ၄၅ မိနစ်သာ ကြာမြင့်တော့မှာဖြစ်သလို တစ်နေ့ကို မြို့ပတ်ရထားစီးခရီးသည် ၈၅ဝဝဝ ခန့် သက်သောင့်သက်သာစွာ အဆင့်မြင့်မြင့် စီးနင်း လိုက်ပါနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုအကောင်အထည်ဖော်လာနိုင်တဲ့ စီမံကိန်းဖြစ်တာမို့ ပြည်သူတွေအားကိုးအားထားပြုနေစဉ် စီးနင်း နိုင်တဲ့ ရန်ကုန်မြို့ပတ်ရထားခရီးစဉ်တွေအဖြစ် စောင့်မျှော်နေကြ တာတော့ အမှန်ပါပဲ။ ။

ဝေယံဦး

No comments:

Post a Comment