မောင်တော
စက်တင်ဘာ ၃ဝ
ရခိုင်ပြည်နယ်
မောင်တောမြို့နယ်၌ ယနေ့ နံနက်ပိုင်းက လူ ၁ဝ ဦး ခန့် က နေအိမ်တံခါးကိုထုရိုက် ဖျက်ဆီး
ပြီး အိမ်ကိုမီးရှို့ကာ လုပ်သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း
သိရသည်။
မောင်တောမြို့နယ်
သဲချောင်းကျေးရွာနေ ဇော်သိန်း (ခ) မူဆာ အာလီ၏ နေအိမ်တံခါးကို ၎င်းနှင့်မျိုးနွယ်တူ လူ
၁ဝ ဦးခန့်က ယနေ့ နံနက် ၁ နာရီခန့်တွင် ထုရိုက်ဖျက်ဆီးပြီး နေအိမ်ကို မီးရှို့ ခဲ့ကြောင်း၊
ထို့နောက် လုပ် သေနတ်ဖြင့် နှစ်ချက်ခန့် ပစ်ခတ်သဖြင့် ဇော်သိန်း (ခ) မူဆာအာလီ၏ မိခင်ဖြစ်သူ
ဒေါ်ခါလီနာ (၆၆ နှစ်)တွင် ခဲစ ထိမှန် ဒဏ်ရာများ ရရှိခဲ့ပြီး ဇော်သိန်း (ခ) မူဆာအာလီထံသို့
ငါး၊ ကွမ်းသီး/ ကွမ်းရွက်များ လာရောက် ပို့ဆောင်ကာ ညအိပ်တည်းခိုနေသူ ဦးညိုသာ တွင်
ခဲစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်းနှင့် အဆိုပါ လူ ၁ဝ ဦးသည် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ
လာရောက်ချိန်တွင် ထွက်ပြေး သွားသဖြင့် နယ်မြေရှင်းလင်း ပိတ်ဆို့ရှာဖွေလျက် ရှိကြောင်း
သိရှိရသည်။
သတင်းစဉ်
No comments:
Post a Comment