နေပြည်တော်
စက်တင်ဘာ ၃ဝ
မြန်မာနိုင်ငံသို့
လာရောက်မည့် ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ဟောင်ကောင်နှင့် မကာအိုတို့မှ သာမန်နိုင်ငံကူးလက်မှတ်
ကိုင်ဆောင်သူ ကမ္ဘာလှည့်ခရီးသည်များအား ၂ဝ၁၈ ခုနှစ် အောက်တိုဘာ ၁ ရက် မှ ၂ဝ၁၉ ခုနှစ်
စက်တင်ဘာ ၃ဝ ရက်အထိ စမ်းသပ်ကာလ တစ်နှစ် သတ်မှတ်၍ ပြည်ဝင်ဗီဇာဆိုင်ရာ ဖြေလျှော့ မှုများ
ဆောင်ရွက်ပေး သွားမည်ဖြစ်သည်။
ယင်းသို့
ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသို့လာရောက်မည့် ဂျပန် နှင့် တောင်ကိုရီးယားနိုင်ငံ၊
မကာအို နှင့် ဟောင်ကောင်တို့မှ ကမ္ဘာလှည့် ခရီးသည်များအား ဗီဇာကင်းလွတ်ခွင့် (Visa
Exemption) ဖြင့် အပြည် ပြည်ဆိုင်ရာ ဝင်၊ထွက်ပေါက်များ အဖြစ် သတ်မှတ် ထားသော ရန်ကုန်၊
မန္တလေး၊ နေပြည်တော် အပြည်ပြည် ဆိုင်ရာလေ ဆိပ်များ၊ ရန်ကုန်အပြည် ပြည်ဆိုင်ရာဆိပ်ကမ်း၊
မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်၊ မြဝတီ၊ ထီးခီးနှင့် ကော့သောင်း အပြည်ပြည် ဆိုင်ရာ
ကုန်းတွင်းဝင်၊ ထွက်ပေါက် များ၊ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူး နှင့် ရိခေါဒါရ်အပြည်ပြည်ဆိုင်ရာ
ကုန်းတွင်း ဝင်၊ထွက်ပေါက်များမှ ဝင် ရောက် ထွက်ခွာခွင့်ပြုမည် ဖြစ်သည်။
ထိုသို့
ခွင့်ပြုရာတွင် ကမ္ဘာလှည့် ဗီဇာတစ်မျိုးတည်းဖြင့် အလည် အပတ် အတွက်သာ ဝင်ရောက်ခွင့်ပြုပြီး
ဗီဇာကင်းလွတ်ခွင့်ဖြင့် ရက်ပေါင်း ၃ဝ နေခွင့်ပြု၍ နေခွင့်သက်တမ်း ထပ်မံတိုးမြှင့်ပေးမည်
မဟုတ်ကြောင်း သိရသည်။
ထို့ပြင်
မြန်မာနိုင်ငံသို့ လာရောက် လိုသည့် သာမန်နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူ တရုတ်နိုင်ငံသား
ကမ္ဘာလှည့် ခရီးသည်များ ကိုလည်း လေကြောင်းခရီးစဉ်ဖြင့် အပြည်ပြည် ဆိုင်ရာ လေဆိပ်များဖြစ်သော
ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်လာချိန်တွင် ကမ္ဘာလှည့်
ဗီဇာကို ဆိုက်ရောက်ဗီဇာ (Visa On Arrival) စနစ်ဖြင့် ဝင်ခွင့်ပြုမည်ဖြစ် ပြီး ဆိုက်ရောက်ဗီဇာအခငွေ
အမေရိကန်ဒေါ်လာ ၅ဝ ကောက်ခံ၍ ရက်ပေါင်း ၃ဝ နေခွင့်ပြုမည်ဖြစ် သည်။
ကမ္ဘာလှည့်ဗီဇာတစ်မျိုးတည်း
ဖြင့် အလည်အပတ်ဝင်ရောက်ခွင့် ပြုမည်ဖြစ်၍ နေခွင့်သက်တမ်းထပ်မံ တိုးမြှင့်ပေးမည်မဟုတ်ကြောင်း
သိရ သည်။
သတင်းစဉ်
No comments:
Post a Comment