Monday, October 1, 2018

မန္တလေးမြို့တွင် အနာဂတ် ပုံနှိပ်လောက ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ကျင်းပ


မန္တလေး စက်တင်ဘာ ၃ဝ
အနာဂတ် ပုံနှိပ်လောကဖွံ့ဖြိုးတိုးတက် ရေးဖိုရမ်ကို မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ် သိပ္ပံ လမ်းပေါ်ရှိ Mandalay Convention Centre တွင် ယနေ့ နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ပုံနှိပ်နှင့် ထုတ်ဝေသူများအသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းစိုးနှင့် မြန်မာနိုင်ငံ ပုံနှိပ် နှင့် ထုတ်ဝေသူများ အသင်း ဥက္ကဋ္ဌ ဦးမင်းဟန်တို့က နှုတ်ခွန်းဆက်စကား ပြောကြား သည်။ ဆက်လက်၍ ဦးကျော်ဌေးမင်း (အောင်သိန်းသန်းအော့ဖ် ဆက် ရန်ကုန်) မှ Brand Power Quality Service Price Market ဆိုင်ရာ ပုံနှိပ်လောကသားများ ရင်ဆိုင်ကြုံတွေ့ နေရသော ဈေးကွက် အခြေအနေကို သုံးသပ်ရှင်းလင်းပြောကြားပြီး ဦးသိန်းဇံ (မြကျွန်း သာ၊ ရန်ကုန်)က Pre-Press, Press နှင့် Post Press ပုံမနှိပ်ခင် ပုံနှိပ်ဆဲ အဆင့်နှင့် ပုံနှိပ်ပြီးအဆင့် စသည့် အရည်သွေးကောင်းတို့ဖြင့် ပုံနှိပ် နည်းပညာ ရပ်ဆိုင်ရာ အသိပညာများကို ဦးစားပေး ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ဦးဘုန်း (ဓာတု) က ''ပုံနှိပ် ထုတ်ဝေရေး ရေစီးကြောင်း'' ခေါင်းစဉ် ဖြင့် လည်းကောင်း၊ ဦးသူရိန်ထွန်းက '' ပုံနှိပ် လုပ်ငန်း အောင်မြင်ခြင်း ဗျူဟာ''ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြော ကြသည်။
ဆက်လက်ပြီး မွန်းလွဲပိုင်းတွင် '' ပုံနှိပ်လောကရဲ့ အနာဂတ်ဆီသို့'' ခေါင်းစဉ်ဖြင့် ဦးတင်ဇံကျော်၊ ဦးသိန်းဇံ၊ ဦးသူရိန်ထွန်း၊ဦးဘုန်းနှင့် ဦးဝင်းတင် တို့က ဦးဆောင်၍ဆွေးနွေးကြပြီး ပုံနှိပ် လောကနှင့် ပတ်သက်၍ တက်ရောက်လာ သူများက သိရှိလိုသည်များ မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည် ဖြေကြားသည်။ ထို့နောက် အနာဂတ် ပုံနှိပ်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူရှင် များ၏ လှူဒါန်းငွေများ ပေးအပ် လှူဒါန်းကြသည်။
အဆိုပါဖိုရမ်သို့ မြန်မာနိုင်ငံ ပုံနှိပ် နှင့် ထုတ်ဝေသူများ အသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မန္တလေး တိုင်းဒေသကြီး ပုံနှိပ်နှင့် ထုတ်ဝေသူများ အသင်းဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ၊ အသင်းဝင်ပုံနှိပ် ထုတ်ဝေသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့မှ ပုံနှိပ်ရေး လုပ်ငန်း ရှင်များ၊ သတင်း စာတိုက်များမှ စာတည်းမှူးချုပ်များ နှင့် တာဝန်ရှိသူများနှင့် ဖိတ်ကြားထား သူများ တက်ရောက်ခဲ့ကြပြီး ခင်းကျင်း ပြသထားသည့် ခေတ်မီနည်းပညာ အဆင့်မြင့် ပုံနှိပ်စက်များဖြင့် ကောင်းမွန် လျင်မြန်စွာ ထုတ်ဝေမှု ဆိုင်ရာတို့ကို လေ့လာကြည့်ရှုကြကြောင်း သိရသည်။
တင်မောင် (မန်းကိုယ်ပွား)

No comments:

Post a Comment