Monday, October 1, 2018

ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိရောင်းချ


ရန်ကုန် စက်တင်ဘာ ၃ဝ
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေ ဗိမာန်က ၂ဝ၁၆ ခုနှစ်အတွက် ပခုက္ကူစာပေဆုရ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရရှိသည့် ကျော်လွင်(စက်မှု)၏ ''တောအရိပ် တောင်အရိပ်အောက် က စေတနာပုံရိပ် နှင့် အခြားဝတ္ထုတိုများ'' စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။

ဆရာကျော်လွင် (စက်မှု)၏ စာအုပ်တွင် တောအရိပ် တောင် အရိပ်အောက် က စေတနာ ပုံရိပ်များ၊ ခြေရာ၊ ကိုယ့်ရပ်ဌာနေ၊ ဆရာကတော်၊ နတ်ထွင်းတဲ့ခံတွင်း အပါအဝင် ဝတ္ထုတို ၁၃ ပုဒ်ဖြင့် ဖွဲ့စည်းထားပြီး ဖြတ်သန်း ကြုံတွေ့ခဲ့ရ သည့် ဖြစ်ရပ်များ၊ မိမိပတ်ဝန်း ကျင်မှ ဘဝ ဇာတ်လမ်းစုံများကို ရသမြောက် အရေးအဖွဲ့တို့ ဖြင့် တန်ဆာ ဆင်ရေးသားထားသည်။
ဝတ္ထုတိုတစ်ပုဒ်စီတိုင်းတွင် ဘဝသင်ခန်းစာ များ၊ တွေးဆဆင်ခြင် စရာများကို သုတ၊ရသလွှမ်းခြုံ ကာ ရေးဖွဲ့တင်ပြထားသည်ကို ခံစားကြ ရမည်ဖြစ်ရာ စာဖတ်ပရိသတ်များ ဖတ်ရှုသင့်သည့် စာအုပ် ကောင်းတစ်အုပ် ဖြစ်ပေသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး ၇ဝဝ ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် ဖုန်း ဝ၁-၂၄၉ဝ၃၁၊ ဝ၁-၃၈၁၄၄၈၊ အမှတ် (တ-၅၅) သပြေကုန်းဈေး နေပြည်တော်ရှိ စာပေဗိမာန် စာအုပ်ဆိုင် ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ဝ၂-၃ဝ၁၈၆ နှင့် အမြို့မြို့ရှိ စာပေဗိမာန်ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူ လိုပါက အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်းရှိ စာပေဗိမာန်အရောင်းဌာန ဖုန်း ဝ၁-၂၄၉ဝ၃၁၊ ဝ၁-၃၈၁၄၄၈ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment