ရန်ကုန်
စက်တင်ဘာ ၃ဝ
မလေးရှားနိုင်ငံတွင်
စက်တင်ဘာ ၂၃ ရက်မှ ၂၉ ရက်အထိ အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့သည့် Asia
Invita-tional Snooker Championship 2018 အာရှဖိတ်ခေါ် စနူကာပြိုင်ပွဲတွင် မြန်မာနိုင်ငံ
မှ ကိုထက်က ချန်ပီယံဆုကို ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့သည်။
ပြိုင်ပွဲတွင်
ဝင်ရောက်ယှဉ်ပြိုင် သည့် နိုင်ငံပေါင်း ၁ဝ နိုင်ငံမှ အား ကစား သမား ၆၄ ဦး ပါဝင်ရာ
အုပ်စုပတ်လည်စနစ်ဖြင့် ကစားရပြီး နောက်ဆုံး ၃၂ ဦး ရှုံး/ထွက် အဆင့် တွင် မြန်မာက မလေးရှားကို
(၄-၂)ဖြင့် နိုင်၍ လည်းကောင်း၊ ၁၆ ဦး အဆင့်တွင် မြန်မာက ထိုင်း ကို(၅-၂)ဖြင့်နိုင်၍
လည်းကောင်း၊ ရှစ်ဦးအဆင့်တွင် ၁ဝဝ ကျော် Break အများဆုံး ထိုးထားပြီး ချန်ပီယံဖြစ်မည်ဟု
ပရိသတ်များ ခန့်မှန်း ထားသည့် ထိုင်းနိုင်ငံ မှ ချန်ပီယံကို မြန်မာက (၅-၃)ဖြင့် ခက်ခက်
ခဲခဲနိုင်ခဲ့၍ ပရိသတ်များ အံ့သြ ခဲ့ရသည်။ ဆီမီးဖိုင်နယ် အဆင့် တွင် မလေးရှားမှ ဒုတိယတန်း
လက်ရွေးစင်ကို (၄-ဝ)ဖြင့် အရင်စီး ထားသော်လည်း မလေးရှားက နောက်မှ (၄-၄)ဖြင့် ပြန်လိုက်
လာရာ နောက်ဆုံးတွင် မလေးရှားကို (၆-၅)ဖြင့်နိုင်၍ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။ ဗိုလ်လုပွဲတွင်
တရုတ်မှ အာရှ လူငယ် ချန်ပီယံမလေးရှားအာရှဖိတ်ခေါ် စနူကာပြိုင် ပွဲတွင် ပထမဆု နှစ်ကြိမ်
ရရှိ ထားသူနှင့် အကြိတ်အနယ် ယှဉ်ပြိုင် ခဲ့ရာ မြန်မာက တရုတ် ကို (၆-၅)ဖြင့် ထိုက်တန်စွာ
အနိုင်ယူကာ ချန်ပီယံဆု တံဆိပ်နှင့် အတူ မလေးရှား ရင်းဂစ် ၁ဝဝဝဝ ဆုငွေ ရရှိခဲ့သည်။
မြန်မာစနူကာချန်ပီယံ
ကိုထက်သည် ယနေ့ နံနက် ၁ဝ နာရီခွဲတွင် မလေးရှား နိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့
ပြန်လည်ရောက် ရှိရာ မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးခင်မောင်ဦး၊
ဒိုင်ချုပ် ဦးဝင်းမြင့်မြတ် နှင့် မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်မှ တာဝန်ရှိသူများက
ဂုဏ်ပြုကြိုဆို ခဲ့ကြကြောင်း သိရသည်။
အေကေလင်း

No comments:
Post a Comment