စစ်တွေ
စက်တင်ဘာ ၃ဝ
ပုပ်ရဟန်းမင်းကြီး
His Holiness Pope Francis မှ လှူဒါန်းသော အမေရိကန်ဒေါ်လာ တစ်သိန်းနှင့် ညီမျှသည့် မြန်မာငွေအား
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို က ရခိုင်ပြည်နယ်
အစိုးရအဖွဲ့သို့ ယနေ့နံနက်ပိုင်းက လွှဲပြောင်းပေးအပ်သည်။
အလှူငွေပေးအပ်ပွဲတွင်
'' ဒီနေ့လှူဒါန်းပွဲမှာ ပုပ်ရဟန်း မင်းကြီးက ကျွန်တော်တို့ဒေသ၊ အထူးသဖြင့် မောင်တောဒေသမှာ
အကြမ်း ဖက်ဖြစ်စဉ်တွေ ဖြစ်ပွားပြီးနောက် ဒုက္ခရောက် နေကြတဲ့ ပြည်သူတွေ ကို ကူညီချင်တဲ့
သူရဲ့စေတနာအရ သူကိုယ်တိုင် မလာရောက်နိုင်သော်လည်း သူ့ကိုယ်စား အဖွဲ့ အစည်းက လာရောက်
လှူဒါန်းတာ ဖြစ်ပါတယ်။ ပုပ်ရဟန်း မင်းကြီး လှူဒါန်းတဲ့ငွေက အမေရိကန်ဒေါ်လာတစ်သိန်း ဖြစ်ပါတယ်။
ဒီငွေကို ဒုက္ခရောက်နေတဲ့ ပြည်သူတွေ တိုက်ရိုက်အကျိုး ရှိနိုင်အောင် အထူး သဖြင့် ရေရှည်
လည်းအကျိုးဖြစ်မယ့် လမ်း တွေ၊ ရေတွင်းရေ ကန်တွေ စတဲ့ သူတို့ရဲ့လူမှုရေး လိုအပ်ချက် တွေမှာ
အကျိုး ရှိအောင် အသုံးပြုသွားဖို့ စီစဉ်ဆောင်ရွက်ထားပါ တယ်''ဟု ပြည်နယ် ဝန်ကြီး ချုပ်
ဦးညီပုက ပြောကြား သည်။
ထို့အပြင်
'' ဒါကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ။ အခုလိုလှူဒါန်းတဲ့အတွက် ကျွန်တော်တို့
အစိုးရ အဖွဲ့ အနေနဲ့ ဝမ်းသာမဆုံးဖြစ်မိပါတယ်။ ဒုက္ခရောက်နေတဲ့ ပြည်သူတွေ အတွက် အခက်အခဲဖြစ်နေတာကို
ကူညီပေးတာဟာ အင်မတန် ဝမ်းသာစရာကောင်းပါတယ်။ ကျွန်တော်တို့ အစိုးရ အဖွဲ့အနေနဲ့ ဒေသတွင်း
တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိရာမှာ လတ်တလော
ဆောင်ရွက်လို့ရတာတွေကို ဆောင်ရွက်နေသလို၊ ရေရှည်ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကိုလည်း
အစီအစဉ်တကျ ဆောင်ရွက်နေပါတယ်။ ပြည်နယ်အနေနဲ့ လုပ်နိုင်တာတွေအပြင် နိုင်ငံတော် အစိုးရကလည်း
အများကြီး ပံ့ပိုးဖြည့်ဆည်း ပေးထားတဲ့အတွက် ဒီလုပ်ငန်းတွေလည်း အများကြီး လုပ်ဖြစ်ပါတယ်။
အကျိုးလည်းရှိပါတယ်။ အလားတူ ဒီနေ့အခမ်း အနားလို နိုင်ငံတကာအလှူရှင်တွေနဲ့ ပြည်တွင်း
ပြည်ပက အလှူရှင် များကလည်း လှူဒါန်းမှုတွေ အများကြီးဆောင်ရွက်ပေးတဲ့အတွက် လုပ်ငန်းတွေလည်း
အများကြီးအောင်မြင်မှုတွေ ရှိသလို တိုးတက် မှုတွေလည်းရှိပါတယ်''ဟု ပြည်နယ်ဝန်ကြီးချုပ်က
ဆက်လက်ပြောကြားသည်။
အလှူငွေ
လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ''ကျွန်တော်တို့ အခုလာတာက ဒုတိယအကြိမ်ဖြစ်ပါတယ်။ ပုပ်ရဟန်း
မင်းကြီး လှူဒါန်းတဲ့ အမေရိကန်ဒေါ်လာ တစ်သိန်းကို ကျွန်တော် တို့ကနေတစ်ဆင့် သာသနာရေး
ဝန်ကြီးကို လှူပါတယ်။ သာသနာရေးဝန်ကြီးက တစ်ဆင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ကယ်ဆယ်ရေး
လုပ်ငန်းတွေ၊ ပြန်လည် ထူထောင်ရေးလုပ်ငန်း တွေမှာသုံးဖို့အတွက် လာရောက် လှူဒါန်းခြင်း
ဖြစ်ပါတယ်။ ကျွန်တော်တို့ ငြိမ်းချမ်းမေတ္တာအဖွဲ့အနေနဲ့ နိုင်ငံ တကာမှာ အဖွဲ့ခွဲပေါင်း
၉ဝ ကျော်ရှိပါတယ်။ အဲဒါတွေကို ကွန်ရက် ချိတ်ဆက်ပြီး အလုပ်လုပ်နေပါတယ်။ လာမယ့် နှစ်နှစ်တာ
ကာလ အတွင်း ၂ဝ၂ဝ ပြည့်နှစ်မှာ ရခိုင် ပြည်နယ်သာမက ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကချင်ပြည်နယ်စတဲ့
မငြိမ်းချမ်း တဲ့နေရာတွေ၊ ပဋိပက္ခ ဖြစ်ပွားတဲ့နေရာတွေ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ပြန်လည်ပေါင်း
စည်းရေး၊ ငြိမ်းချမ်းရေးကိစ္စရပ်တွေကို ဘာသာရေး ခေါင်းဆောင် တွေကနေတစ်ဆင့် ကူညီဆောင်ရွက်
ဖို့ဆိုပြီး ကျွန်တော်တို့ လုပ်ငန်း စဉ်ချမှတ်ထားပါတယ်။ လာမယ့် နိုဝင်ဘာလထဲမှာ နိုင်ငံတကာက
ဘာသာရေးခေါင်းဆောင်တွေ၊ ပြည်တွင်းက ဘာသာရေး ခေါင်းဆောင်တွေ၊ အဖွဲ့အစည်း အသီးသီးက
NGO တွေ၊ သံတမန်တွေ ပါဝင်တဲ့ ဆွေးနွေးပွဲကြီးတစ်ခုကို နေပြည်တော်မှာ ကျင်းပဖို့ ပြင်ဆင်နေပါတယ်''
ဟု ငြိမ်းချမ်းမေတ္တာအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေက ပြောသည်။
ငြိမ်းချမ်းမေတ္တာ
အမြုတေအဖွဲ့ဝင် အစ္စလာမ်ဘာသာ ကိုယ်စားလှယ် ဦးအေးလွင်က ''ကျွန်တော်တို့ လှူတဲ့ ငွေတွေကို
ပြည်နယ် အစိုးရ အဖွဲ့က ဦးဆောင်ပြီး လိုအပ်တဲ့နေရာတွေမှာ သုံးဖို့ နှောင်ကြိုးမဲ့ အလှူ
ဖြစ်ပါ တယ်။ မေတ္တာတရားနဲ့ ငြိမ်းချမ်း ရေးတရားကို ဘာသာရေး ရှုထောင့်ကနေပြီး ပြည်သူတွေကို
နှလုံး စိတ်ဝမ်း ငြိမ်းချမ်းအောင်လုပ်ပါမယ်။ ဒါ့အပြင်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းတွေ
မှာ တစ်နိုင်တစ်ပိုင်လုပ်ဖို့ အစီအမံ တွေရှိပါတယ်။ ဒါပထမဆုံး ခြေလှမ်းတွေပဲ ရှိပါသေးတယ်။
ဆက်ပြီးဆောင်ရွက်ဖို့ အစီအစဉ် တွေ ရှိပါတယ်။ ကျွန်တော် တို့က ဘာသာရေး အခြေခံ တယ်။ ကျွန်တော်တို့
ဘာသာရေး ရှုထောင့်ကနေပြီး ငြိမ်းချမ်းရေးနဲ့ မေတ္တာ၊ ခွင့်လွှတ်မှုနဲ့ သည်းခံမှု၊ မတူကွဲပြားမှုတွေကို
အားလုံးက နားလည် သဘော ပေါက်အောင် ကျွန်တော်တို့ ဘာသာအသီးသီးက ဘာသာရေးခေါင်းဆောင် ကြီးများက
ရည်ရွယ်ချက် ရှိပါ တယ်။ အဲဒီ အစီအမံတွေနဲ့ ကျွန်တော်တို့ ရခိုင်ပြည်နယ်ကို လာရောက်ခြင်းဖြစ်
ပါတယ်'' ဟု ပြောသည်။
တွေ့ဆုံမေးမြန်း
- ကံထွန်း(ဟံသာမြေ)
ဓာတ်ပုံ
- တင်ထွန်း(ပြန်/ဆက်)



No comments:
Post a Comment