ရန်ကုန်
စက်တင်ဘာ ၃ဝ
မွန်ရိုးရာယဉ်ကျေးမှုအမွေအနှစ်
ဓလေ့ထုံးတမ်းများ မပျောက်ပျက်စေ ရန် ရည်ရွယ်ပြီး မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)မှ
ကြီးမှူး ၍ ထာဝစဉ်မမေ့ မွန်မှုဓလေ့ ဖျော်ဖြေပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲမှ
စတင်ကာ ရန်ကုန်မြို့ သာကေတမြို့နယ် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ၌ ကျင်းပရာ တိုင်းရင်းသား
လူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် တက်ရောက် အားပေးသည်။
ရှေးဦးစွာ
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာရှိ မွန်ရိုးရာအိမ်တွင် မွန် ဓလေ့ရိုးရာထိမ်းမြား လက်ထပ်မင်္ဂလာ
ကို သရုပ်ပြကျင်းပပြီး ပြည်ထောင်စု ခန်းမတွင် မွန်တေးဂီတအဖွဲ့၊ မွန်စာပေနှင့် ယဉ်ကျေးမှု
တက္ကသိုလ်များ (ရန်ကုန်)တို့မှ အနုပညာရှင်များက ရိုးရာတေး သီချင်း များ၊ ယိမ်းအကများဖြင့်
ဖျော်ဖြေ တင်ဆက်ကြသည်။
ထို့နောက်
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုခန်းမ၌ အခမ်းအနား ကို ဆက်လက်ကျင်းပရာ ထာဝစဉ်မမေ့ မွန်မှု
ဓလေ့ဖျော်ဖြေပွဲ ဖွင့်ပွဲ အခမ်းအနား ကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန
ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းနှင့်
တာဝန်ရှိသူများက ဖဲကြိုး ဖြတ်ဖွင့် လှစ်ပေးကြသည်။
ယင်းနောက်
ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က မွန် တိုင်းရင်းသားများ အနေဖြင့် ကိုယ့်လူမျိုး၊
ကိုယ့်ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ မပျောက်ပျက်အောင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့်
မွန်မျိုးဆက်သစ်လူငယ်များကို စည်းရုံး ပြီး ယဉ်ကျေးမှုဓလေ့ပွဲတော်များ ကျင်းပ ပြုလုပ်သွားရန်
လိုအပ် ပါကြောင်း၊ မွန်မျိုး ဆက်သစ်လူငယ်များ မွန်စာပေနှင့် မွန် ဘာသာစကား တတ်ကျွမ်းစွာပြောဆို
နိုင်ရန် အားလုံး တာဝန် သိစိတ်ဖြင့် ဝိုင်းဝန်းကူညီပံ့ပိုး ပေးစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုင်းရင်း သားစာပေ ယဉ်ကျေးမှု
ဓလေ့ထုံးတမ်း များသည် တန်ဖိုးကြီး ပါကြောင်း၊ မြန်မာ နိုင်ငံတွင် တိုင်းရင်းသားအားလုံး
စုစည်း နေ ထိုင်ကြကြောင်း၊ မတူညီသည့် ယဉ် ကျေးမှု ဓလေ့ ထုံးတမ်းများရှိပါကြောင်း၊ တူညီမှုများလည်း
ရှိပါကြောင်း၊ ယဉ်ကျေး မှု မပျောက်ပျက်အောင် ထိန်းသိမ်းစောင့် ရှောက်ရန် လိုအပ်ပါကြောင်း၊
သို့မှသာ ပြည်ထောင်စုကြီးအတွင်း တိုင်းရင်းသား လူမျိုးပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာဖြင့်
ယဉ်ကျေးမှုအားလုံး ရှင်သန်ခွင့်ရမည် ဖြစ်ပါကြောင်း၊ ဘာသာစကားတစ်ခု ပျောက်ဆုံးသွားပါက
တိုင်းပြည် ၏ တန်ဖိုး ရှိသည့် ရတနာဆုံးရှုံးသွားခြင်း ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံ
တွင် တချို့ တိုင်းရင်းသား စာပေယဉ်ကျေးမှုများ သည် တဖြည်းဖြည်း လူနည်းစုပြောစကား အဖြစ်သာ
တွေ့လာရပါကြောင်း၊ ထိုကဲ့သို့ ဖြစ်မသွားရန် စာပေယဉ်ကျေးမှု၊ ဓလေ့ ထုံးတမ်းများမှ ယဉ်ကျေးမှု
ဘာသာစကား များကို စနစ်တကျ ပြုစုပြင်ဆင်ထားရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက်
မွန်စာပေနှင့်ယဉ်ကျေးမှု ကော်မတီ(ရန်ကုန်)ဥက္ကဋ္ဌ နိုင်စိုးအောင် က အမှာစကားပြောကြားပြီး
မွန်ယဉ် ကျေးမှု အမွေ အနှစ်အဖွဲ့၊ မွန်လူငယ် (ရန်ကုန်)တို့က ရိုးရာတေးသီချင်း၊ ရိုးရာ
အက အလှများ၊ ရန်ကုန်အခြေပြု မွန်လူမှု အဖွဲ့က ရိုးရာ မိတ်ဆက်ခြင်း၊ မွန်ဇာတ် အဖွဲ့က
အငြိမ့်တင်ဆက်မှုများဖြင့် သီဆို ဖျော်ဖြေတင်ဆက်ကြသည်။
ယနေ့အခမ်းအနားတွင်
မွန်လူမျိုး တို့၏ ရှေးဟောင်း ယဉ်ကျေးမှုပြ ကွက်များ ကို ပြသထားပြီး မွန်လူမျိုးတို့၏
သမိုင်း အမွေအနှစ်ဆိုင်ရာ စာအုပ်စာပေများ၊ မွန်ရိုးရာဝတ်စုံများနှင့် မွန်ရိုးရာအစား
အစာများကို ခင်းကျင်းပြသရောင်းချ လျက်ရှိကြောင်း သိရသည်။
မင်းသစ်(MNA)
ဓာတ်ပုံ-ရဲထွဋ်

No comments:
Post a Comment