ကော့ကရိတ်
စက်တင်ဘာ ၃ဝ
ကော့ကရိတ်-မြဝတီသွား
အာရှလမ်းမပေါ် တွင် စက်သုံးဆီ သယ်ယာဉ် တစ်စီး ချောက်ထဲထိုးကျပြီး မီးလောင်မှုဖြစ်ပွား
ခဲ့ကြောင်း ကော့ကရိတ်မြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ
ယမန်နေ့ ည ၈ နာရီ မိနစ် ၅ဝ က မြဝတီမြို့ မှ ကော့ကရိတ် မြို့ဘက်သို့ ယာဉ်မောင်း ထွန်းထွန်းလတ်
(စုံစမ်းဆဲ)၊ သီရိမြိုင်ရပ်ကွက် မော်လမြိုင်မြို့နေသူ မောင်းနှင်လာသော 2H/----- ခြောက်
ဘီးယာဉ်သည် ဆီပေပါများတင်ဆောင်၍ မောင်းနှင်လာစဉ် ကီလိုမီတာ ၁၅၆ နှင့် ၁၅၇ အကြားတွင်
လမ်းယာဘက်ခြမ်းသို့ ထိုးကျ တိမ်းမှောက်ပြီး ယာဉ်နှင့် ကားပေါ် ရှိ ဆီပေပါ ၃၅ လုံး မီးလောင်
ခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ရာနေရာသို့
ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှု ကယ်ဆယ်ရေး အဖွဲ့များက လာရောက်ဝိုင်းဝန်း
မီးငြှိမ်းသတ်ခဲ့ကြပြီး ယင်းနေ့၊ ည ၁ဝ နာရီ ခွဲတွင် မီးငြိမ်းသွားကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍
ယာဉ်မောင်းကို ကော့ကရိတ်မြို့မရဲစခန်းက အမှုဖွင့်လှစ် ထားရှိကြောင်း သိရသည်။
တင်ဝင်းလှိုင်
(ကော့ကရိတ်)

No comments:
Post a Comment