Monday, October 1, 2018

ဖရူဆိုမြို့ ၌ အဲ့ဒိုပေါ်မီပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ


ဖရူဆို စက်တင်ဘာ ၃ဝ
ကယားပြည်နယ်အတွင်းရှိ ကျေးရွာပေါင်း ၄၇ ရွာမှ ကယားလိဖု လူငယ်များ စုပေါင်း ၍ အဲ့ဒိုပေါ်မီပွဲတော်အား ဖရူဆိုမြို့နယ် ဆိုလျား ကူးကျေးရွာတွင် စက်တင်ဘာ ၂၈ ရက်မှ ၂၉ ရက်အထိ စည်ကား သိုက်မြိုက် စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်၏ အလေးအနက်ထားဆုံး ပွဲတော်တစ်ခုဖြစ်သည့် အဲ့ဒို ပေါ်မီပွဲတော် ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ ပြန်လည်ပြောပြခြင်း၊ စုပေါင်းရိုးရာ အဲ့ဒိုပေါ်မီအကအား တက်ရောက် လာသူ တိုင်း ပျော်ရွှင်စွာ စုပေါင်းကခုန်ခြင်းများ၊ ရိုးရာ အဲ့ဒိုပေါ်မီပွဲတော်၏ အမှတ် လက္ခဏာဖြစ်သည့် ဒီးကူထုပ်နှင့် ခေါင်ရည်များ ကျွေးမွေးဧည့်ခံခြင်းနှင့် နေ့လယ်စာ ဧည့်ခံခြင်းများကို တပျော်တပါး စုပေါင်းဆင်နွှဲခဲ့ကြသည်။
အဆိုပါ ပွဲတော်ကို မျိုးဆက်သစ် လူငယ်များအနေဖြင့် ရိုးရာ အစဉ်အလာ ပွဲတော်နှင့် ဓလေ့ရိုးရာများ အပေါ် ချစ်မြတ်နိုး တတ်စေ ရန်နှင့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို တန်ဖိုးထား ထိန်းသိမ်း တတ်စေရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)

No comments:

Post a Comment