Monday, October 1, 2018

စိမ့်စမ်းရေသွယ်ယူခြင်းနှင့် ဂါလံ(၅၀၀၀) ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်း လုပ်ငန်းများ ဖွင့်ပွဲ အခမ်းအနားကျင်းပ


ရပ်စောက် အောက်တိုဘာ ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ခုနှစ် ပထမ(၆)လ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေး စီမံချက်ရေးဆွဲခြင်း စီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စိမ့်စမ်းရေသွယ်ယူခြင်းနှင့် ဂါလံ(၅၀၀၀)ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်း လုပ်ငန်းများ ဖွင့်ပွဲအခမ်းအနားကို ကျောက်ဂူကျေးရွာအုပ်စု စံပါယ်ကုန်းကျေးရွာနှင့် ဆီဆုံဂနိုင်ကျေးရွာတို့တွင် စက်တင်ဘာ ၃၀ ရက်က ကျင်းပခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး ဦးစိုင်းလုံကျော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဗိုလ်အောင် မောင်မောင် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီးနောက် ၀န်ကြီးက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး လွှတ်တော် ကိုယ်စားလှယ်က ပြည်ထောင်စုလွှတ်တော်အတွင်း ဥပဒေပြုရေးကိစ္စများ သာမက မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေး လမ်း၊ တံတား၊ ရေ၊ မီးပြည့်စုံကောင်းမွန်စွာ ရရှိရေး၊ ပြည်သူ တို့၏ လူမှုဘ၀များ ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ပညာရေး၊ ကျန်းမာရေးကအစ ဘက်ပေါင်းစုံမှ ဆွေးနွေး အဖြေရှာတောင်းဆို ပေးနေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။
စံပါယ်ကုန်းကျေးရွာနှင့် ဆီဆုံဂနိုင်ကျေးရွာများသည် နွေရာသီရေရှားပါး ပြတ်လပ်ပြီး မိုးရေ ကိုသာ အားထားသုံးစွဲရသဖြင့် ယခုကဲ့သို့ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းထောက်ပံ့ ရန်ပုံငွေဖြင့် အကောင် အထည်ဖော်ပြီး ကျေးရွာပြည်သူများ၏ ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်မှုကြောင့် လုပ်ငန်းများ အချိန်တိုအတွင်း ပြီးစီးအောင်မြင်ကာ ဖွင့်လှစ်နိုင်ခဲ့ ခြင်းဖြစ်သည်။
အဆိုပါကျေးရွာများရှိ လူဦးရေ(၁၅၀၀) ကျော်အတွက် ရာသီမရွေး သောက်သုံးရေ လုံလောက်စွာ သုံးစွဲနိုင်မည်ဖြစ်၍ နိုင်ငံတော်၏စေတနာကို နားလည်သဘောပေါက်ပြီး ပြည်သူများ ၀မ်းမြောက်လျက် ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment