Monday, October 1, 2018

ကျေးလက်နေ ပြည်သူများသွားလာမှု လွယ်ကူစေရေးနှင့် ရေကြီး ရေလျံမှု ကင်ဝေးရေး ကွန်းကရစ်လမ်း၊ ရေနုတ်မြောင်းများနှင့် တံတားများဆောက်လုပ်ပေး


နေပြည်တော် အောက်တိုဘာ ၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ကိုရီယားနိုင်ငံ၊ KOICA Project တို့ ပူးပေါင်းဆောင်ရွက် လျက်ရှိသော မြန်မာဆယ်မာအူးလ်ဒုံ စီမံကိန်းမှ ကျေးရွာသစ် လှုပ်ရှားမှုစီမံကိန်းတစ်ခုဖြစ်သည့် ကျေးလက်နေ ပြည်သူများ သွားလာမှု လွယ်ကူစေရေးနှင့် ကျေးရွာအတွင်း ရေကြီး၊ ရေလျှံမှုများ ကင်းဝေးစေရန်အတွက် ကွန်းကရစ် လမ်းနှင့် ရေနုတ်မြောင်းများ၊ တံတားများ တည်ဆောက်ပြီးစီးမှု ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ပျဉ်းမနားမြို့နယ်၊ မယ်ဇလီကုန်း ကျေးရွာအုပ်စု၊ မယ်ဇလီကုန်းကျေးရွာ ကွန်းကရစ်လမ်းထိပ်ရှိ ဖွင့်ပွဲမဏ္ဍာပ်၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော် ကောင်စီဝင် ဦးအေးမောင်စိန်က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာဆယ်မာအူးလ်ဒုံ စီမံကိန်း တာဝန်ခံ မန်နေဂျာ မစ္စတာလီဆွန်းဝန်မှ ကျေးရွာသစ် စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ၎င်းနောက်မယ်ဇလီ ကုန်းကျေးရွာ မြန်မာဆယ်မာအူးလ်ဒုံ စီမံကိန်းတာဝန်ခံမှ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်မှု များကို ရှင်းလင်းတင်ပြပေးသည်။
ထို့နောက် နေပြည်တော် ကောင်စီဝင် ဦးအေးမောင်စိန်၊ မြန်မာ ဆယ်မာအူးလ်ဒုံ စီမံကိန်း တာဝန်ခံ မန်နေဂျာ မစ္စတာလီဆွန်းဝန်၊ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းဦးနှင့် ဒက္ခိဏခရိုင် စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးလှညိမ်းတို့က ကျေးရွာတွင်း ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။
ထို့နောက် ကျေးရွာလူထု စစ်ဆေးပွဲကို ကျင်းပရာ ယောက်သွားအင်း ကျေးရွာအုပ်စု၊ စီမံကိန်း အထောက်အကူပြု ကော်မတီဥက္ကဋ္ဌက ရန်ပုံငွေရရှိမှု၊ ခွဲဝေချထားမှုများအား တင်ပြပြီး၊ ခြေလျင်စု ကျေးရွာ စီမံကိန်း အထောက်အကူပြု ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ က သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြ ဆွေးနွေးပေးသည်။
အဆိုပါ မြန်မာဆယ်မာအူးလ်ဒုံ စီမံကိန်း၊ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းမှ မယ်ဇလီကုန်းကျေးရွာအတွင်း ကွန်းကရစ်လမ်းသစ် တစ်ခု၊ ရေနုတ်မြောင်းနှင့် ရေနုတ်မြောင်းကူး တံတားငယ်များအား မြန်မာဆယ်မာအူးလ်ဒုံ စီမံကိန်းမှ အလှူငွေနှင့် ကျေးရွာနေ ပြည်သူများ၏ လုပ်အားပါဝင်မှုတို့ဖြင့် ပူပေါင်းဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)

No comments:

Post a Comment