နေပြည်တော်
စက်တင်ဘာ၂၆
ပြည်ထောင်စုလွှတ်တော်၊
ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ် ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည်
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီး
H.E. Mr Scot Marciel အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်အမှတ်
(I-11) ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ်
နှစ်နိုင်ငံဆက်ဆံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး နှင့် ဥပဒေရေးရာ
ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။
(သတင်းစဉ်)

No comments:
Post a Comment