Thursday, September 27, 2018

ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်ကြားရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေး


နေပြည်တော် စက်တင်ဘာ ၂၇
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ကြားရေးအဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် တိုင်းရင်းသား လူမျိုးများ ရေးရာဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ကြားရေး အဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တကေတုမာလာကနှစ်စဉ် နွေရာသီကျောင်းပိတ်ရက်များ၌ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးရာတွင် ကျောင်းသူ/ ကျောင်းသားများအတွက် သင်ရိုးညွှန်းတမ်း စာအုပ်များ ရိုက်နှိပ် ထုတ်ဝေခြင်း၊ ထူးချွန်သူများအား ဂုဏ်ပြုဆုပေးပွဲ အခမ်းအနားကျင်းပခြင်း၊ လုပ်ငန်းစဉ်များ အကောင် အထည်ဖော်ခြင်းတို့တွင် ရင်ဆိုင်ကြုံတွေ့နေရသည့် အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တိုင်းရင်းသား စာပေသင်ကြားရေးနှင့် Teaching Assistant များရွေးချယ်ခန့်ထားခြင်း (မူကြမ်း) ကို ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေ၊ ပြည်နယ်နှင့် တိုင်း ဒေသကြီး ရုံးများဖွင့်လှစ်ပြီးစီးမှုအခြေအနေ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကိစ္စရပ်များကို ဆက်သွယ်ဆောင်ရွက်နိုင်မှု အခြေအနေ၊ တိုင်းရင်းသားစာပေ သင်ကြားရေးကိစ္စများ၊ မွန်အမျိုးသားများ၏ နေ့ထူးနေ့မြတ် ကျင်းပရေးတို့ကို အားသွန်ခွန်စိုက် ဆောင်ရွက် ပေးသွားမည့် အ‌ခြေအနေ၊ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် လည်းပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးသွားမည့် အ‌ခြေအနေတို့ကို ရှင်းလင်းပြောကြား၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် စီစဉ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment