Thursday, September 27, 2018

ပြည်တွင်း ပြည်ပ သတင်းမီဒီယာအဖွဲ့ စစ်တွေမြို့ရှိ သက္ကယ်ပြင်ကယ်ဆယ်ရေးစခန်း၌ သတင်းရယူ


စစ်တွေ စက်တင်ဘာ ၂၆
ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေမှုများကို သတင်းရယူနိုင်ရန် ပြည်တွင်း ပြည်ပ သတင်းမီဒီယာများ ပါဝင်သောသတင်းအဖွဲ့သည် ယနေ့ ညနေပိုင်းတွင် လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ရောက်ရှိကြသည်။

ထို့နောက် သတင်းမီဒီယာအဖွဲ့သည် စစ်တွေမြို့ရှိ သက္ကယ်ပြင်ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိကြပြီး တာဝန်ရှိ သူများနှင့် တွေ့ဆုံကာ စခန်းအတွင်း နေထိုင်ကြသူများအား ပြန်လည်နေရာချထားပေးမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ မေးမြန်း သတင်းရယူကြသည်။
ဆက်လက်၍ စခန်းအတွင်း နေထိုင်ကြသူများအား တွေ့ဆုံ၍ ၎င်းတို့၏ လတ်တလောနေထိုင်စားသောက်မှု အခြေအနေ များကို သတင်းရယူကြသည်။
ပြည်တွင်း ပြည်ပ သတင်းမီဒီယာအဖွဲ့တွင် Nikkei Shimbun, NHK, Nippon TV, CRI, CNN, The Guardian Newspaper, The Washington Post, CBC , Arte Television , MRTV, MITV နှင့် MNA တို့မှ သတင်းသမားများ ပါရှိသည်။
၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ဖြစ်စဉ်နောက်ပိုင်း ရခိုင်ပြည်နယ်သို့ သတင်းမီဒီယာအဖွဲ့များ စေလွှတ်မှုမှာ ၂ဝ၁၆ ခုနှစ် တွင် တစ်ကြိမ်၊ ၂ဝ၁၇ ခုနှစ်တွင် ၈ ကြိမ်နှင့် ၂ဝ၁၈ ခုနှစ်တွင် ၁၇ ကြိမ် စုစုပေါင်း ၂၆ ကြိမ် ရှိခဲ့ပြီဖြစ်သည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင် အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ အစီအစဉ်ဖြင့် ၂ဝ၁၈ ခုနှစ်အတွင်း တစ်လလျှင် နှစ်ကြိမ် ခရီးစဉ်စေလွှတ်မှုအနေဖြင့် ယခုခရီးစဉ် အပါအဝင် ၁၁ ကြိမ်ရှိပြီဖြစ်သည်။
ပြည်တွင်း ပြည်ပ သတင်းမီဒီယာများအား ၎င်းတို့ အကြံပြုချက်အပေါ် မူတည်၍ မောင်တောဒေသသို့ သွားရောက်သတင်း ရယူလိုသည့် နေရာများကို ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး နယ်မြေလုံခြုံရေးအခြေအနေပေါ်မူတည်ကာ သွားရောက် သတင်းရယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
သူရဇော်၊ ဓာတ်ပုံ-တင်ထွန်း(ပြန်/ဆက်)

No comments:

Post a Comment