နေပြည်တော် စက်တင်ဘာ
၂၆
(၆၉)နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ
ထူထောင်ခြင်း ဂုဏ်ပြုအခမ်းအနား ကို ယနေ့ညနေ ၆ နာရီတွင် နေပြည်တော်ရှိ
မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန ၂ ၌ ကျင်းပရာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး
ဒေါ်ခင်သက်ဌေးတို့ တက်ရောက်ကြသည်။
အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
ဦးတီခွန်မြတ်နှင့်ဇနီး ဒေါ်ရင်မေ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး
ဒေါ်နန့်ကြင်ကြည်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့်ဇနီး ဒေါ်အေးသီတာ၊
ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊
ပြည်ထောင်စု ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ မြန်မာနိုင်ငံဆိုင်ရာ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး His Excellency Mr. Hong Liang နှင့်ဇနီး၊ သံအမတ်ကြီးများ၊ သံတမန်များနှင့် ဖိတ်ကြားထားသည့်
ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားသို့
တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့်
တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ နိုင်ငံတော်သီချင်းများဖွင့်လှစ်၍ အလေးပြုကြသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး His Excellency Mr. Hong Liang က
ဂုဏ်ပြုစကားပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက ဂုဏ်ပြုစကားပြောကြားရာတွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၆၉)နှစ်မြောက်
နှစ်ပတ်လည်အခါသမယတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၊ ပြည်သူများနှင့် သံအမတ်ကြီး His Excellency Mr. Hong Liang တို့်အား ဂုဏ်ယူဝမ်းမြောက်ကြောင်းကို
ပြောကြားလိုပါကြောင်း။
လွန်ခဲ့သည့် (၆၉)နှစ်တာကာလအတွင်း
တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင် ထူထောင်ချိန်ကစပြီး အထူးသဖြင့် လွန်ခဲ့သည့်အနှစ်(၄၀)
ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်မူဝါဒကို ကျင့်သုံးချိန်ကစ၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသည်
စီးပွားရေး သာမက ဘက်စုံကဏ္ဍစုံတွင် ထူးထူးခြားခြား ကြီးကြီးကျယ်ကျယ် အံ့မခန်း ဖွံ့ဖြိုး
တိုးတက်ခဲ့ပါကြောင်း။
တရုတ်ပြည်သူများ၏ (၆၉)နှစ်တာ
ကြိုးပမ်းအားထုတ်မှုများကြောင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံသည် ယခုအချိန်တွင် ကမ္ဘာ၌ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု
အလျင်မြန် ဆုံးနှင့် ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာခဲ့ပြီး ကမ္ဘာ့ အရေးကိစ္စများနှင့်
ကမ္ဘာ့စီးပွားရေးတွင် အရေးပါသည့် နိုင်ငံကြီးတစ်နိုင်ငံအဖြစ် ဝင့်ထည်စွာ ရပ်တည် လျက်ရှိပြီဖြစ်ပါကြောင်း။
ထိုသို့ အရှိန်အဟုန်ဖြင့်
ဖွံ့ဖြိုးတိုးတက်မှုများကို ကမ္ဘာ့နိုင်ငံအများအပြားနှင့် မျှဝေ ခံစားနိုင်ရန်၊ ပူးပေါင်းပြီး
ခိုင်မာအောင်တည်ဆောက်နိုင်ရန် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု
စီမံကိန်းကြီးသည် ကမ္ဘာကြီးအတွက် အပြုသဘောဆောင်သည့် ဖွံ့ဖြိုးတိုးတက်မှုအသစ်များကို ဆောင်ကြဉ်းပေးနိုင်မည်ဟု
မျှော်လင့်ပါကြောင်း၊ ပေကျင်းမြို့တွင် ယမန်နှစ် မေလက ကျင်းပခဲ့သည့် “ရပ်ဝန်းနဲ့ ပိုးလမ်းမဆိုင်ရာ
နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်”မှ သဘောတူညီချက် များ၊ တိကျရှင်းလင်းသည့် ပူးပေါင်းဆောင်ရွက်မှု
လမ်းကြောင်းများကိုရရှိခဲ့ပြီး၊ ရပ်ဝန်း နှင့် ပိုးလမ်းမစီမံကိန်းများ အကောင်အထည်ဖော်မှုကို
ပိုမိုမြှင့်တင်နိုင်မည့် ယန္တရားကို လည်း အထောက်အကူဖြစ်စေခဲ့ပါကြောင်း။
မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအကြား
သံတမန်ဆက်ဆံရေး စတင် ထူထောင်ချိန်ကစပြီး နှစ်နိုင်ငံအကြားတွင် တည်ထောင်ခဲ့သည့် ဆွေမျိုးပေါက်ဖော်
ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးသည် သက်တမ်းရှည်ကြာစွာ ဖြစ်ထွန်းခဲ့ပြီဖြစ်ပါ ကြောင်း၊
မိမိတို့နှစ်နိုင်ငံအကြား လွန်ခဲ့သည့် (၆၈)နှစ်တာ ကာလအတွင်းကစပြီး အပြန် အလှန်ဖလှယ်မှုများနှင့်
နီးကပ်စွာ ပူးပေါင်းဆောင် ရွက်မှုများကတစ်ဆင့် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ပညာရေးနှင့်
အခြားနယ်ပယ်ကဏ္ဍစုံတို့တွင် သိသာထင်ရှားစွာ အောင်မြင်တိုးတက်မှုများ ရရှိလာသည်ကိုလည်း
ဂုဏ်ယူဝမ်းမြောက်ဖွယ် တွေ့မြင်ရပါ ကြောင်း။
ယနေ့အချိန်တွင် မိမိတို့နှစ်နိုင်ငံအကြား
ဆက်ဆံရေးကို “ဘက်စုံမဟာဗျူဟာ မြောက် မိတ်ဖက်ဆက်ဆံရေး” အဆင့်အထိ တိုးမြှင့်နိုင်ခဲ့ပြီး
ငြိမ်းချမ်းစွာအတူ ယှဉ်တွဲ နေထိုင် ရေးမူကြီး(၅)ရပ်၏ မူဘောင်များနှင့်အညီ အပြန်အလှန်လေးစား
မှုနှင့်နား လည်မှုကို အခြေခံပြီး နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုနှင့် မိတ်ဖက်ဆက်ဆံမှုများကို
ပိုမို ကျယ်ပြန့်နက်ရှိုင်းအောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
နှစ်နိုင်ငံ အဆင့်မြင့်ခေါင်းဆောင်များ၏
အပြန်အလှန် ခရီးစဉ်များသည် နှစ်နိုင်ငံ အကြား အပြန်အလှန်ယုံကြည်မှုကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်ခဲ့ပါကြောင်း၊
ဥပမာ အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်
မစ္စတာ ဟွမ်ခွင်းမင်၏ ဇူလိုင်လအတွင်းက မြန်မာနိုင်ငံခရီးစဉ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီ၏ “The Governance of China”(မြန်မာဘာသာပြန်)စာအုပ် စတင် ထုတ်ဝေသည့်အခမ်းအနားကို
နေပြည်တော်တွင်ကျင်းပခဲ့ပြီး စာပေမှတစ်ဆင့် ပြည်သူ ချင်း ဆက်ဆံရေးနှင့် နားလည်မှုတို့ကိုလည်း
မြှင့်တင်နိုင်ခဲ့ပါကြောင်း၊ မိမိကိုယ်တိုင် လည်း မကြာမီရက်ပိုင်းအတွင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ
နန်နင်းမြို့တွင် ကျင်းပခဲ့ သည့် (၁၅)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးများကို
တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံ အကြား စီးပွားရေးနှင့် အခြားနယ်ပယ်စုံ ပူးပေါင်းဆောင်ရွက်မှုများနှင့်
ဒေသတွင်းနိုင်ငံ များနှင့်ပါ ချိတ်ဆက်မှုတိုးမြှင့်နိုင်ရေး ဆွေးနွေးခွင့်ရရှိခဲ့ပါကြောင်း။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသည်
မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် အကြီးမားဆုံး စီးပွားရေးမိတ်ဖက်နိုင်ငံအဖြစ်နှင့်
ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို စဉ်ဆက်မပြတ် ထိန်းသိမ်းထားနိုင်ခဲ့သည်ကို
အထူးကျေနပ် အားရမိပါကြောင်း၊ ထိုသို့ ကောင်းမွန်သည့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ
သည် အနာဂတ်တွင်လည်း မြန်မာ-တရုတ်စီးပွားရေးစင်္ကြံနှင့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံ ကိန်းကြီး
အောက်တွင် ဆက်လက်တိုးတက်နေမည်ဟု ယုံကြည်ပါကြောင်း။
တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့်
မြန်မာနိုင်ငံအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု
လျှော့ချရေး၊ အထူးသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အစရှိသည့်ကဏ္ဍများတွင် အကူအညီများစွာ
ပေးအပ်ခဲ့သည့် အတွက် မြန်မာနိုင်ငံပြည်သူများနှင့် အစိုးရကိုယ်စား မိမိအနေဖြင့် အထူးကျေးဇူးတင်ရှိ
ကြောင်းကိုလည်း အခွင့်ကြုံခိုက် ပြောကြားလိုပါကြောင်း။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသည်
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အပြု သဘောဆောင်သည့် အခန်းကဏ္ဍတွင် ပါဝင်နေပါကြောင်း၊ ငြိမ်းချမ်းရေးနှင့်
အမျိုးသား ပြန်လည်သင့်မြတ်ရေးသည် မြန်မာနိုင်ငံအတွက်သာမက မြန်မာ-တရုတ် နှစ်နိုင်ငံ
နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးကဏ္ဍများ အတွက်လည်း
အရေးပါလှပါကြောင်း။
ရခိုင်ပြည်နယ်အရေးကိစ္စဖြေရှင်းရန်
မိမိတို့အစိုးရ၏ ကြိုးပမ်းအားထုတ်မှုမှာ ဒေသတွင်း သာမက နိုင်ငံတကာအသိုက်အဝန်းမှာပါ တရုတ်နိုင်ငံ၏
စဉ်ဆက်မပြတ် အပြုသဘောဆောင်သည့် အားပေးထောက်ခံမှုများအတွက်လည်းများစွာ တန်ဖိုးထား သည်ကို
ပြောကြားလိုပါကြောင်း။
ယခုကဲ့သို့ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့်
(၆၉)နှစ်မြောက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ
ထူထောင်ခြင်း ဂုဏ်ပြုအခမ်းအနားတွင်
မြန်မာနိုင်ငံနှင့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံတို့၏ နှစ်နိုင်ငံဆက်ဆံရေး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့်
ပိုမိုတိုးတက်မြင့်မားလာ စေရေးအတွက် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု
ထပ်လောင်းပြောကြား လိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ
တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး His Excellency Mr. Hong Liang နှင့် ဇနီးတို့က (၆၉)နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ဂုဏ်ပြုကိတ်မုန့်ကို
အတူ တကွ လှီးဖြတ်ပေး ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း
မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အတူ အခမ်းအနားသို့ တက်ရောက်လာကြသူများ သည်
အနုပညာရှင်များ၏ ရိုးရာယဉ်ကျေးမှု ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး
အနုပညာရှင်များနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် ဇနီးနှင့် တက်ရောက်လာကြသူများကို
မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့်ဇနီးတို့က (၆၉)နှစ်မြောက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ
ထူထောင်ခြင်း ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
(သတင်းစဉ်)






No comments:
Post a Comment