နေပြည်တော် သြဂုတ် ၇
စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် မြစ်ရွမ်း(Myitrum)
ကိုယ်ထူကိုယ်ထ လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ ကိုယ်စားလှယ်များအား ယနေ့ နံနက် ၁၁ နာရီ က ပြည်ထောင်စုဝန်ကြီး၏
ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ်
မြစ်ရွမ်း(Myitrum) ကိုယ်ထူကိုယ်ထ လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ ကိုယ်စားလှယ် များက ဧရာဝတီတိုင်းဒေသကြီးပန်းတနော်မြို့နယ်၊
ဇလွန်မြို့နယ်၊ ဟင်္သာတမြို့နယ်၊ ဓနဖြူမြို့နယ်ရှိမင်းတစု၊ နှဲကောနှင့် ပျဉ်းမတော ရေတံခါးပိတ်ဆို့နေမှုများနှင့်
ရေဝင်ရေထွက်လမ်း များကိုစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု
စီမံခန့်ခွဲရေးဦးစီးဌာနမှ မိုးရာသီစပါး စိုက်ပျိုးချိန်မီ ပြန်လည်တူးဖော်ရှင်းလင်း
ပေးနိုင်ခဲ့မှုကြောင့် ကျေးရွာပေါင်း(၉၀)ကျော်နေ ကျေးရွာသူ ကျေးရွာသားများ (၅၀၀၀၀)ကျော်တို့အတွက်
လယ်မြေဧက (၃၀၀၀၀)ကျော်ကို အကျိုးပြုနိုင်ခဲ့ကြောင်း၊ ယင်းလုပ်ငန်းများအတွက် တာဝန်ရှိသူများ၏
စေတနာ အပြည့်အဝဖြင့် ကူညီဆောင်ရွက်ပေးနိုင်မှုကြောင့် ဒေသနေပြည်သူများ၏ စိုက်ပျိုးမွေးမြူ
ရေးလုပ်ငန်းများ တိုးတက်လုပ်ကိုင်နိုင်ခဲ့သဖြင့် နိုင်ငံတော်အစိုးရနှင့် တာဝန်ရှိသူများကို
ကျေးဇူးတင်ရှိပါကြောင်း ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက မိမိဝန်ကြီးဌာန အနေဖြင့်
ဒေသတိုင်းရှိ ကျေးလက်နေပြည်သူများ၊ တောင်သူလယ်သမားများ၏ လိုအပ်ချက်များကို တတ်စွမ်းသမျှ
ကူညီဆောင်ရွက်ပေးရန ဦးစီးဌာနများ၏ ပေါင်းစုအားဖြင့် ထောက်ပံ့ကူညီ ဆောင်ရွက်ခြင်းကို
စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ် နေပါကြောင်း၊
ဝန်ကြီးဌာနမှ ပညာရှင်များက စက်ယန္တယား အင်အားနှင့် နည်းပညာများ ကူညီထောက်ပံ့ပေးနေသည့်နည်းတူ
ရပ်ရွာများ ဖွံ့ဖြိုးရေးအတွက် ဒေသခံများကိုယ်တိုင်က တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းဆောင်ရွက်ခြင်းနှင့်
အရပ်ဘက်လူမှု အဖွဲ့အစည်းများက အကျိုးဆောင် ပါဝင်လာခြင်းအတွက် ယခုကဲ့သို့ ရလဒ်ကောင်းများအမှန်
တကယ် ခံစားကြရခြင်း ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment