နေပြည်တော်၊ သြဂုတ် ၁
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး
ဥက္ကဋ္ဌ ဦးမျိုးညွန့်သည် ဂျပန်နိုင်ငံ၊ လွှတ်တော် ရေးရာ တရားရေးဒုတိယဝန်ကြီး Mr.
Takashi Yamashita နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး
ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနှင့်
ဂျပန်နိုင်ငံတရားရေး ဝန်ကြီးဌာန တို့အကြားဆက်ဆံမှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊
ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာကိစ္စ ရပ်များ၊ ခုံရုံးဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍
ရင်းနှီးစွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment