ပုသိမ် ဩဂုတ် ၎
ရင်ခွင်မဲ့ကလေးများဖြစ်ခြင်းကို လျှော့ချရန် နှင့် ရင်ခွင်မဲ့ကလေးငယ်များ
အား ကလေး သူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပါ အခြေခံအခွင့်အရေးများ
နှင့်အညီ ကာကွယ် စောင့်ရှောက်မှုပေးရန် ဟူသော ရည်ရွယ်ချက်တို့ဖြင့်
ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေး နှင့် ကာကွယ် စောင့်ရှောက်ရေးအသင်း
(ဗဟို) မှ ဧရာဝတီတိုင်းဒေသကြီး အတွင်း အသင်းများ ဖွဲ့စည်းရေး အတွက် တွေ့ဆုံ
ဆွေးနွေးပွဲကို ဩဂုတ် ၄ ရက်နေ့ နံနက် က တိုင်းဒေသကြီး ပုသိမ်မြို့
ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ၏ဇနီး ဒေါ်ခင်နှင်းညို က အမှာ စကားပြောကြားပြီး အသင်းဥက္ကဋ္ဌ ဒေါ်မေယဉ်ထွန်း က အသင်းကြီးဖြစ်ပေါ်လာပုံ ကို လည်းကောင်း ၊ အသင်း၏ အထွေထွေအတွင်းရေးမှူး ၊ ပါမောက္ခ ဒေါက်တာ မြသီတာ က အသင်း၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များ နှင့် တိုင်းဒေသကြီးအတွင်း အသင်းများ ဖွဲ့စည်းရန် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ ကို လည်းကောင်း၊ အသင်းအဖွဲ့ဝင် ဒေါက်တာ ဒေါ်ခင်သန်းအေး က အသင်း၏ လက်ရှိလုပ်ငန်းဆောင်ရွက်ချက်များ ကိုလည်းကောင်း အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက်အသင်း ၏ ဖွဲ့စည်းပုံ စာအုပ်များ ၊ သီချင်းခွေများ ၊ ရင်ထိုးတံဆိပ်များ နှင့် အသင်းဝင်အဆိုပြုလွှာများ အား အသင်းဥက္ကဋ္ဌ ဒေါ်မေယဉ်ထွန်း က တိုင်းဒေသကြီး အမျိုးသမီး ကော်မတီဥက္ကဋ္ဌ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး ထံသို့ ပေးအပ်ပြီး မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီး ဒုဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်း က အသင်းဝင်လျှောက်လွှာ (၅၀၀) ကျော် ကို အသင်း(ဗဟို) ဥက္ကဋ္ဌ ဒေါ်မေယဉ်ထွန်း ထံသို့ ပေး အပ်သည်။ ဆက်လက်၍ တက်ရောက်လာသူများ က သိလိုရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
မျိုးဆက်ပွားကျန်းမာရေး ဆွေးနွေးပွဲအစီအစဉ် အား နေ့လည်ပိုင်းတွင် ဆက်လက် ကျင်းပရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး က အမှာစကားပြောကြားပြီး အသင်း၏ အထွေထွေ အတွင်းရေးမှူး က မျိုးဆက်ပွားကျန်းမာရေးအကြောင်း ၊ မိသားစုစီမံကိန်း နှင့် သားဆက်ခြားနည်းများအကြောင်း၊တိုင်းဒေသကြီး သားဖွား နှင့် မီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာ ဝင်းဝင်းမာ က အရေးပေါ် သားဆက်ခြားနည်း များအကြောင်း ရှင်းလင်း ဆွေးနွေး ကြပြီးတက်ရောက်လာသူများ ၏ ဆွေးနွေး မေးမြန်းချက်များ ကို ပြန်လည်ဖြေကြားခဲ့သည်။
ဆွေးနွေးပွဲ အခမ်းအနားသို့ ရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက် ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဒေါ်မေယဉ်ထွန်း ၊ အထွေထွေ အတွင်းရေးမှူး ပါမောက္ခဒေါက်တာမြသီတာ ၊ အလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်ကျင်သန်း နှင့် အဖွဲ့ဝင်များဖြစ်သော ဒေါ်ခိုင်နွယ်ဦး ၊ ဒေါက်တာ ခင်သန်းအေး နှင့် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ၏ ဇနီး ဒေါ်ခင်နှင်းညို ၊ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး၊ ကရင် တိုင်းရင်းသား ရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ ၊ လူမှုရေးပရဟိတ အဖွဲ့များ ၊ တက္ကသိုလ် ၊ ကောလိပ် နှင့် သင်တန်းကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ခဲ့ကြကြောင်း သိရ သည်။
တိုင်းဒေသကြီးပြန်/ဆက်

No comments:
Post a Comment