နေပြည်တော်၊ သြဂုတ် - ၎
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့
နံနက်ပိုင်းတွင် ပဲခူးတိုင်း ဒေသကြီး၊ ရွှေကျင်မြို့နယ်အတွင်း ရေကြီး
ရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ရွှေကျင်မြို့ပေါ်တွင် ခေတ္တပြောင်းရွှေ့နေထိုင်
လျက်ရှိသည့် ရေဘေးရှောင် ပြည်သူများအား သွားရောက် တွေ့ဆုံ အားပေး သည်။
ရွှေကျင်မြို့၊ ဂန့်ဂေါ်ဝိုင်းရပ်ကွက်ရှိ ရွှေတောင်ဦး စေတီတော်တွင် ရေဘေးရှောင် စခန်း၊ အခြေခံပညာ အထက်တန်းကျောင်း၊ ရွှေကျင်မြို့ရှိ ရေဘေးရှောင်စခန်းနှင့် သမိုင်းဝင်ဘုရားကြီး စေတီတော်အတွင်းရှိ ရေဘေးရှောင် စခန်း တို့၌ ရေဘေးရှောင်ပြည်သူများ ခေတ္တပြောင်းရွှေ့ နေထိုင်လျက် ရှိကြောင်း သိရှိရသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော် အရာရှိကြီးများက ရေဘေးရှောင် ပြည်သူများအား စားသောက်ဖွယ်ရာများ ပေးအပ်ပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ ရေဘေးရှောင် စခန်းများတွင် ဖွင့်လှစ်ထားသည့် တပ်မတော် နယ်လှည့် ဆေးကုသရေးအဖွဲ့များက ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှု အားပေးသည်။
ယင်းနောက် ရွှေကျင်မြို့၊ သမိုင်းဝင်ဘုရားကြီး စေတီတော်အတွင်းရှိ ဗုဒ္ဓ ရုပ်ပွားတော်မြတ်အား ဖူးမြော် ကြည်ညို ခဲ့ကြသည်။
ရွှေကျင်မြို့နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် ဇူလိုင် ၃၀ ရက် အထိ ရွှေကျင်မြို့ပေါ်ရပ်ကွက် ၈ ရပ်ကွက်နှင့် ကျေးရွာပေါင်း ၄၂ ရွာရှိအိမ်ခြေ ၅၇၆၈ အိမ် ရေလွှမ်းမိုးခဲ့ပြီး လူဦးရေစုစုပေါင်း ၂၇၂၆၆ ဦး ဘေးလွတ်ရာ ကုန်းမြင့်များသို့ ပြောင်းရွှေ့ နေထိုင်ခဲ့ရသည်။
ရေ၀င်ရောက်မှုကြောင့် ပြောင်းရွှေ့နေထိုင်ရသည့် အိမ်ထောင်စုများအား ရွှေကျင်မြို့ ပေါ်၌ ၅ နေရာနှင့် ကျေးရွာများ၌ ၄၂ နေရာ ကယ်ဆယ်ရေး စခန်းများဖွင့်လှစ်ပြီး ပြောင်းရွှေ့နေရာချထား ပေးခဲ့ရကြောင်း၊ ရွှေကျင်မြို့နယ် အတွင်း ရေ၀င်ရောက်မှုကြောင့် မိုးစပါးစိုက်ပျိုးဧက ၃၄၈၆၇ ဧကရှိသည့်အနက် စိုက်ပျိုးဧကပေါင်း ၂၅၅၀၀ ခန့် ရေ၀င်နစ်မြုပ် ပျက်စီးမှုများဖြစ်ပေါ် ခဲ့ရကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment