နေပြည်တော်၊ သြဂုတ် ၅
ပြည်ထဲရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနှင့် အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ၊
ဘာလီမြို့ တွင်ကျင်းပမည့် (၇)ကြိမ်မြောက် ဘာလီလုပ်ငန်းစဉ် ဝန်ကြီး အဆင့်ညီလာခံနှင့်
အစိုးရများနှင့် စီးပွားရေးလုပ်ငန်းရှင် များအကြား ဝန်ကြီးအဆင့် ဖိုရမ်သို့ တက်ရောက်ရန်
ယနေ့နံနက် ၁၀ နာရီခွဲတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့
အတွင်းရေးမှူးနှင့် ပြည်ထဲရေးဝန်ကြီး ဌာနကွပ်ကဲမှုအောက် တာဝန်ရှိသူများက လိုက်ပါပို့ဆောင်ကြသည်။
အဆိုပါ (၇)ကြိမ်မြောက်
ဘာလီလုပ်ငန်းစဉ်ဝန်ကြီးအဆင့်ညီလာခံကို အင်းဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် သြဂုတ်
၆ ရက်မှ ၇ ရက်အထိ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၊ ဘာလီလုပ်ငန်းစဉ်ဝန်ကြီး အဆင့်
ညီလာခံနှင့် အစိုးရများနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား ဝန်ကြီးအဆင့်ဖိုရမ်တို့ကို
တစ်ဆက်တည်း ကျင်းပသွားမည်ဖြစ်ပြီး ဘာလီလုပ်ငန်းစဉ် အဖွဲ့ဝင် ၄၅ နိုင်ငံမှ ဝန်ကြီးများ
UNHCR,UNDP နှင့် ION တို့မှ အကြီးအကဲများ တက်ရောက်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အတူ
မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဌေးလှိုင်၊ နိုင်ငံရေးဝန်ကြီးဌာနနှင့်
ပြည်ထဲရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူအရာရှိကြီးများ လိုက်ပါသွားသည်။
(သတင်းစဉ်)

No comments:
Post a Comment