မန္တလေး သြဂုတ် ၅
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကျင်းပရေး
လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းသည် ယနေ့နံနက်ပိုင်းတွင်
လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်ကျင်းပမည့် မန္တလေးမြို့ မန္တလေးတက္ကသိုလ် ၀င်းအတွင်း
နေရာအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေကို လှည့်လည်ကြည့်ရှုသည်။
ထို့နောက် မွန်းလွဲ
၁ နာရီတွင် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီနှင့် လုပ်ငန်းကော်မတီများမှ
တာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို မန္တလေးတက္ကသိုလ်၌ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ
ဒုတိယ၀န်ကြီး ဦးအောင်လှထွန်း၊ အခမ်းအနားပြင်ဆင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊
မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်နှင့်
တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို
မန္တလေးတက္ကသိုလ်တွင် သြဂုတ် ၁၁ ရက်မှ ၁၃ ရက်အထိ စည်းကားသိုက်မြိုက်စွာနှင့် အောင်မြင်စွာ
ကျင်းပနိုင်ရေး အသေးစိတ်ညှိနှိုင်းဆွေးနွေးကြသည်။
လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်(မန္တလေး)
ကို မြန်မာလူငယ်များ၏ အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုး အပါအ၀င် ကာယ၊ ဥာဏ၊ စာရိတ္တ၊
မိတ္တ၊ ဘောဂဗလ ငါးတန်မြှင့် တင်ပေးနိုင်ရေးနှင့် အနာဂတ်မြန်မာ့လူဘောင် အဖွဲ့အစည်းအား
၎င်းတို့၏ အတွေးအမြင်ကောင်းများဖြင့် တည်ဆောက်အကောင်အထည်ဖော်ရေးအတွက် ရည်ရွက်၍ ကျင်းပရန်
စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment