နေပြည်တော်၊ သြဂုတ် ၃
ရာသီဥတုအားအထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသရရှိစေရန်နှင့် လိုအပ်ပါက ရတနာတန်းဝင်နှစ်ရှည်သီးပင်စားပင်များအား ၀င်ငွေရစေရန်ရည်ရွယ်၍ ရေဆင်းဆည် ပတ်ဝန်းကျင်၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မိသားစုများက ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပြုလုပ်ကာစိုက်ပျိုးလျက်ရှိပြီး ယနေ့ နံနက်ပိုင်းတွင် ၂၀၁၈ ခုနှစ်၊ ဒုတိယအကြိမ်မြောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်စိုက်ပျိုးပြီးကြည့်ရှုအားပေးသည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးနှင့်ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ နှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့်ဇနီး၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရှိ ရုံး/ဌာနအသီးသီးမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များတက်ရောက်ကြသည်။
ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ရတနာတန်းဝင် တမလန်းပင် အား ဦးဆောင်စိုက်ပျိုးပေးကြသည်။ ဆက်လက်ပြီး ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အခမ်းအနားတက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်မိသားစုများက သတ်မှတ်နေရာအသီးသီးတွင်စိုက်ပျိုးကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်၊ မိသားစုများ၏စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုအားလှည့်လည်ကြည့်ရှုအားပေးကြသည်။ ယနေ့ ကျင်းပပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ၏ ၂၀၁၈ ခုနှစ်၊ ဒုတိယ အကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်တမလန်း ၁၉၅ ပင်၊ ပိတောက် ၂၂၁၇ ပင်၊ မဟော်ဂနီ ၁၄၀၀ ပင်၊ ကျွန်း ၁၆၁၂ ပင် စုစုပေါင်း ၅၄၃၃ ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ ရေဆင်းဆည်ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဂေဟစနစ် ထိန်းသိမ်းရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများအနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်၊ ဒုတိယအကြိမ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအထိ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများတွင် ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၁၂၇၂၆၃ ပင်အား စိုက်ပျိုးနိုင်ခဲ့သည်။
အလားတူ တိုင်းစစ်ဌာနချုပ် နယ်မြေများတွင်လည်း ဒုတိယအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲများကို ယနေ့နံနက်ပိုင်းတွင် တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပပြုလုပ်ကြရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် နယ်မြေတွင် စိုက်ပျိုးပင် ၂၉၀၆၆ ပင် ကိုလည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေတွင် စိုက်ပျိုးပင် ၂၂၄၄၉ ပင် ကိုလည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေတွင် စိုက်ပျိုးပင် ၁၀၆၈၃ ပင် ကိုလည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေတွင် စိုက်ပျိုးပင် ၁၂၅၂၈ ပင် ကိုလည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေတွင် စိုက်ပျိုးပင် ၁၅၂၃၀ ပင် ကိုလည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေတွင် စိုက်ပျိုးပင် ၃၂၅၀၇ ပင် ကိုလည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်မြေတွင် စိုက်ပျိုးပင် ၄၇၀၅၀ ပင် ကိုလည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် နယ်မြေတွင် စိုက်ပျိုးပင် ၂၈၁၅၂ ပင် ကိုလည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်မြေတွင် စိုက်ပျိုးပင် ၃၇၇၃၅ ပင် ကိုလည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် နယ်မြေတွင် စိုက်ပျိုးပင် ၁၃၆၇၈ ပင် ကိုလည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေတွင် စိုက်ပျိုးပင် ၃၁၉၈၇ ပင် ကိုလည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေတွင် စိုက်ပျိုးပင် ၂၃၅၅၀ ပင် ကိုလည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေတွင် စိုက်ပျိုးပင် ၃၁၃၄၃ ပင် ကိုလည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေတွင် စိုက်ပျိုးပင် ၄၁၅၄၆ ပင် ကိုလည်းကောင်း တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများက အသီးသီးစိုက်ပျိုး ခဲ့ကြသည်။ တပ်မတော်တစ်ရပ်လုံးအနေဖြင့် ယနေ့စိုက်ပျိုးသည့် စိုက်ပျိုးပင် စုစုပေါင်းမှာ ၃၇၇၅၀၄ ပင် ဖြစ်ကြောင်း သတင်းရရှိသည်။
Ref; တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး







No comments:
Post a Comment