နေပြည်တော် သြဂုတ်
၆
စပါး-ငါးတွဲဘက် စိုက်ပျိုးမွေးမြူရေး
သုတေသန ရလဒ်များအရ စပါး တစ်မျိုးတည်းသီးသန့် စိုက်ပျိုးခြင်းထက် စပါး- ငါးရောနှော စိုက်ပျိုးမွေးမြူခြင်း
စနစ်သည် စီးပွားရေးအရသာမက အာဟာရ ရရှိမှုအတွက်ပါ ပိုမိုအကျိုးရရှိကြောင်း၊ စပါးခင်းအတွင်း
ငါးရှိခြင်းသည် မြေသြဇာဓါတ် ပိုမိုကောင်းမွန်စေပြီး စပါးပင်အတွက် လိုအပ်သည့် အာဟာရကို
တိုးတက်ရရှိစေသည့်အပြင် အသေးစား တောင်သူများနှင့် မိသားစုများအတွက် အာဟာရပြည့်ဝရေးနှင့်
ဝင်ငွေ တိုးတက် ရရှိရေးကိုပါ အကျိုးပြုနိုင်မည်ဖြစ်သည့်အတွက် အလားအလာကောင်းသော လုပ်ငန်း
တစ်ခု ဖြစ်ကြောင်း ယနေ့ နံနက် ၈ နာရီခွဲက နေပြည်တော် ဟိုတယ်ဇုံရှိ Kempinski Hotel
တွင် ကျင်းပသည့် အရှေ့တောင် အာရှ ဒေသစပါး-ငါးစနစ်များ ဖွံ့ဖြိုး တိုးတက်လာစေရေး နှီးနှော
ဖလှယ်ပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာ အောင်သူက ဆွေးနွေးပြောကြားသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ
ဒေါက်တာမျိုးအောင်နှင့် နေပြည်တော် ကောင်စီဝင် ဦးအေးမောင်စိန်၊
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီး H.E. Nicholas
Coppel ၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်၊ ACIAR ငါးလုပ်ငန်းဆိုင်ရာ ညွှန်ကြားရေးမှူး
Dr. Ann Fleming၊ WorldFish ညွှန်ကြားရေးမှူးချုပ် Dr. Gareth Johnstone၊ IRRI ညွှန်ကြားရေးမှူးချုပ်
Dr. Matthew Morell ၊ FAO ဌာနေ ကိုယ်စားလှယ်၊ IWMI မှ ဌာနေ ကိုယ်စားလှယ်၊
Bilateral ဖွံ့ဖြိုးမှုဆိုင်ရာ အေဂျင်စီများ၊ တာဝန်ရှိသူများ၊ ပညာရှင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က အဖွင့်အမှာစကား
ပြောကြားပြီး ၊ သြစတြေးလျနိုင်ငံ သံအမတ်ကြီး H.E.
Nicholas Coppel ၊ ACIAR ငါးလုပ်ငန်းဆိုင်ရာ ညွှန်ကြားရေးမှူး Dr. Ann Fleming နှင့်
World Fish Myanmar မှ Country Director Mr. Michael Akester တို့က နှုတ်ခွန်းဆက်စကားများ
ပြောကြားကြသည်။
ၾသစေၾတးလ်
နိုင်ငံတကာစိုက်ပျိုးရေး သုတေသနဌာန (ACIAR) ၏ ရန်ပုံငွေ အထောက်အပံ့ဖြင့် “မြန်မာနိုင်ငံ၊
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် စပါး-ငါးစနစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေး” စီမံကိန်းကို
ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသရှိ ဂေဟစနစ် ဇုန်များအပေါ် အခြေခံပြီး သင့်လျော်သည့် စပါး-ငါးစနစ်များ၏
ထုတ်လုပ်နိုင်စွမ်းနှင့် အကျိုးအမြတ် ဖြစ်ထွန်းနိုင်စွမ်းတို့ တိုးတက်စေရေး ရည်မှန်းကာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိစိုက်ပျိုးရေးဦးစီးဌာန၊
စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာနတို့နှင့်အတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး
ယင်းစီမံကိန်းကို ၂၀၁၇-၂၀၂၁ ခုနှစ်အထိ CGIAR (Consultative Group for
International Agricultural Research)၊ WorldFish ၊ IRRI (International Rice
Research Institute) နှင့် IWMI (International Water Management Institute) စသည့်
အဖွဲ့အစည်းများက အားဖြည့်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment