Monday, August 6, 2018

ဒုတိယသမ္မတ ဦးမြင့်ဆွေ တရုတ်ကွန်မြူနစ်ပါတီ ကျီလင်ပြည်နယ် ကော်မတီ ပါတီအတွင်းရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် သြဂုတ် ၆
ဒုတိယသမ္မတ ဦးမြင့်ဆွေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ ကျီလင်ပြည်နယ် ကော်မတီ ပါတီအတွင်းရေးမှူး Mr. Bayin Chaolu ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးနှင့် စိုက်ပျိုးရေး၊ ပို့ဆောင်ရေး၊ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတို့တွင် တရုတ် - မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်သွားရေး ကိစ္စရပ်တို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment