နေပြည်တော် ဩဂုတ် ၉
ဘင်္ဂလားဒေ့ရှ်နိုင်ငံ
နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အဘူလ်ဟတ်ဆန်မာမွတ်အလီ ဦးဆောင်သော ကိုယ်စားလှယ်
အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိကြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ
နိုင်ငံခြားရေး ဝန်ကြီးနှင့် အဖွဲ့အား နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း
အတွင်းဝန် ဦးမြင့်သူ၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကျော်အောင်၊ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ
တာဝန်ရှိသူများ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး မစ္စတာ
မန်ဂျူရူလ်ကရင်ခမ်ချောင်ဒရီနှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာ
လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
(သတင်းစဉ်)

No comments:
Post a Comment