နေပြည်တော်၊
ဇူလိုင် ၃၀
မြန်မာနိုင်ငံအတွင်း ကြုံတွေ့နေရသော ရေကြီးရေလျှံမှု ဖြစ်စဉ်များကြောင့် ပြည်သူများ
ကြုံတွေ့ခံစားနေရသော ကိစ္စရပ် များတွင် အသုံးပြုနိုင်ရန် ပြည်ထောင်စု လွှတ်တော်၊ ဥပဒေရေးရာနှင့်
အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ၏ တစ်ရက်တာနေ့တွက်စရိတ်ကို
ယနေ့ နေ့လည်ပိုင်းတွင် နေပြည်တော်ရှိ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနသို့
လာရောက်ပေး အပ်လှူဒါန်းရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ကျေးဇူးတင် စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ
ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment