Sunday, May 6, 2018

မွန် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ


ရေး မေ ၆
မွန် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ (ဒုတိယနေ့) အဖြစ် အစုအဖွဲ့အလိုက် ဆွေးနွေးခြင်းများကို ယနေ့တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ သတ်မှတ်နေရာများဆက်လက်ကျင်းပသည်။

ဆွေးနွေးပွဲ ဒုတိယနေ့တွင် နိုင်ငံရေးကဏ္ဍအား အခြေခံမူ ၁၀ ချက်ကို အခြေခံအဆိုပြု ဆွေးနွေးခြင်းများကို ရေးမြို့၊ ပြည်သူ့အားကစားရုံလည်းကောင်း၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံရမည့် လူမှုရေးကဏ္ဍအား အခြေခံမူ ၃ ချက်ကိုအခြေခံအဆိုပြုဆွေးနွေးခြင်းများကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းလည်းကောင်း၊ ဖက်ဒရယ် စီးပွားရေးဆိုင်ရာ ကဏ္ဍအား အခြေခံမူ ၁၀ ချက်ကို အခြေခံအဆိုပြု ဆွေးနွေးခြင်းများကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းလည်းကောင်း၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင် ကဏ္ဍအား အခြေခံမူ ၃ ချက်ကို အခြေခံအဆိုပြု ဆွေးနွေးခြင်းများကို တစ်ပလ္လင် နှစ်ဆူဓမ္မာရုံလည်းကောင်း ကိုယ်စားလှယ် အသီးသီးတို့က အစုအဖွဲ့အလိုက် ဆွေးနွေးခဲ့ကြသည်။
ယင်းဆွေးနွေးပွဲကို မေ ၅ ရက်မှစတင်ကာ ၃ ရက်ကြာ ကျင်းပလျက်ရှိပြီး အစုအဖွဲ့ အသီးသီးမှ ဆွေးနွေးပွဲ ကိုယ်စားလှယ် တော် ၅၀၀ တို့ တက်ရောက်ကာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)မှ သတ်မှတ်ထားသည့် ဆွေးနွေးမှုကဏ္ဍ လေးရပ်အား သက်ဆိုင်ရာ အစုအဖွဲ့များအလိုက် ပေါင်းစပ် အဆိုပြု ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)

No comments:

Post a Comment